Tuesday, December 30, 2014

ဆစ်ဒနီ-ဟာဘတ် ရွှက်လွှင့်ပြိုင်ပွဲမှာ ၀ိုင်းအုတ်အသင်း အနိုင်ရ ဗိုလ်စွဲ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ ဟာဘတ်မြို့အထိ ရွက်လွှင့်ရတဲ့ ပြိုင်ပွဲမှာ ၀ိုင်းအုတ်အီလဲဗင်းအသင်းက အနိုင်ရ ဗိုလ်စွဲ သွားပါတယ်။ ဒီပြိုင်ပွဲက နှစ်စဉ် ကျင်းပတာ ဖြစ်ပြီး ဒီနှစ်က အကြိမ်(၇၀)မြောက် ဖြစ်ပါတယ်။
ပိုင်ရှင်ဘော့အုတ်လေရဲ့ ၀ိုင်းအုတ်အသင်းက သြစတြေးလျအသင်းဖြစ်ပြီး ဒီနှစ်မှာ (၂)ရက်(၂)နာရီ (၃)မိနစ်(၂၆)စက္ကန့်နဲ့ ရှေ့ဆုံးက ပန်းဝင်သွားတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲ သက်တမ်းတစ်လျှောက်မှာတော့ ၀ိုင်းအုတ်အသင်းအနေနဲ့ (၈)ကြိမ် မြောက် ဗို်လ်စွဲ နိုင်တာပါ။ ၀ိုင်းအုတ် အသင်းခေါင်းဆောင် မာ့ခ်ရစ်ချတ်က "ဒီနှစ်ပြိုင်ပွဲက အပြောင်းအလဲတွေ ရှိလို့ နိုင်ဖို့ အတော်ခက်ပါတယ်။ အခုလို ချန်ပီယံဆုကို (၈)ကြိမ်မြောက်ရတာဟာ မယုံနိုင်စရာပါပဲ" လို့ ပြောပါတယ်။ သူတို့လှေနောက်မှာ မိနစ်(၅၀)အကွာနဲ့ ဒုတိယရသွားတာက ကိုမန်ချီဆိုတဲ့ အမေရိကန်အသင်း ဖြစ်ပါတယ်။ ကိုမန်ချီ အသင်းခေါင်းဆောင် ကင်ရိဒ်က "ကျွန်တော်တို့ တော်တော် စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီမှာအတူ ယှဉ်ပြိုင်ခွင့်ရတဲ့ အတွက်တော့ ဂုဏ်ယူပါတယ်"လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment

back to top