Friday, December 19, 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့် ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ်သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေလိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာန များသို့တိုက်တွန်း လိုက်ကြောင်း သတင်းရရှိသည်။
လက်ရှိရနေသည့် အနိမ့်ဆုံးလစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ် သည်။
နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ်တစ် သိန်းနှစ်သောင်းမှ နှစ်သိန်း အတွင်းဖြစ်သင့်သည်ဟု သူရဦး ရွှေမန်းက ပြောကြားခဲ့ပြီး လူနေ မှုကုန်ကျစရိတ်၏ သုံးဆကို လစာအဖြစ်ပေးရမည့်တွက်ချက်မှုအရ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာသည် ယင်းပမာဏဖြစ်သင့် ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်း အစည်းအဝေးတွင် သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအနိမ့်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသည့် လစာသည် ကျပ်ခြောက်သောင်းခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှန်ကြား ရေးမှူးချုပ်အဆင့် သည် ကျပ်သုံးသိန်းခန့်သာ ရှိသည်။
ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုဘဏ်၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေ မန်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။
လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏကိုမူ ယနေ့အစည်းအဝေး၌ အစိုးရအဖွဲ့က မပြောကြားနိုင်သေးဘဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးမှ တင်ပြမည်ဟုဆိုသော်လည်း ဘတ်ဂျက်တွင် မထည့်သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ်မှသာ အဆင်ပြေနိုင် မည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။
နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်လွှတ်တော်တွင် အရေးကြီး အဆိုတင်၍ အစိုးရ အဖွဲ့သို့ တိုက်တွန်းခဲ့သော်လည်း  အစိုးရအဖွဲ့က ညှိနှိုင်းဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့်မည်ကို မပြောကြားနိုင်သေးကြောင်း ပြန် ကြားခဲ့သည်။

No comments:

Post a Comment

back to top