Friday, December 19, 2014



လိဂ်ဖလားအကြိုဗိုလ်လုပွဲ ချယ်လ်ဆီးနှင့်လီဗာပူး ထိပ်တိုက်တွေ့ဆုံ

အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ်ဖလား အကြိုဗိုလ်လုပွဲတွင် ပရီးမီးယားလိဂ် ထိပ်သီးနှစ်သင်းဖစ်သော ချယ်လ်ဆီးနှင့် လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံမည် ဖြစ်ကာ ကျန်အကြိုဗိုလ်လု ပွဲကို စပါး နှင့် ရှက်ဖီးလ်ယူနိုက်တက် ယှဉ်ပြိုင် မည် ဖြစ်သည်။

ချယ်လ်ဆီးနှင့် လီဗာပူးတို့ နိုဝင်ဘာ ၈ ရက် ပရီးမီးယားလိဂ် ပွဲစဉ်ကို အန်းဖီးလ်ကွင်းတွင် ကစားခဲ့စဉ်က ချယ်လ်ဆီးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ လိဂ်ဝမ်းမှ ဂျက်ဖီးလ်ယူနိုက်တက်သည် ပရီးမီးယားလိဂ်မှ ဆောက်သမ်တန်နှင့် ၀က်စ်ဟမ်းတို့ကို အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ပြီး ၂၀၀၈ လိဂ်ဖလား ချန်ပီယံ စပါး နှင့် တွေ့ဆုံခြင်း ဖြစ်သည်။
လိဂ်ဖလားမှ ပထမအကျော့ ပွဲစဉ်များကို ဇန်န၀ါရီ ၁၉ ရက် တွင် လီဗာပူးနှင့် စပါးတို့၏ အိမ်ကွင်း၌ ကစားရမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၆ ရက်တွင် ဒုတိယအကျော့ ပွဲစဉ်များ ကစားမည်ဖစ်သည်။ ယမန်နေ့ညက ကစားသော လိဂ်ဖလား ကွာတား ပွဲစဉ်များတွင် လီဗာပူးက ဘုန်းမောက်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး ချယ်လ်ဆီးက ဒါဘီကောင်တီကို ၃-၁ ဂိုးဖြင့် အဝေးကွင်း များတွင် အသီးသီးအ နိုင်ရရှိခဲ့သည်။
စပါးက နယူးကာဆယ်ကို လေးဂိုးပြတ်အနိုင်ယူ၍ တက်လာခြင်းဖြစ်ကာ ရှက်ဖီးလ် ယူနိုက်တက် က ဆောက်သမ်တန်ကို တစ်ဂိုး-ဂိုးမရှိ ရလဒ်ဖြင့် အကြို ဗိုလ်လုပွဲ တက်လာခြင်း ဖြစ်သည်။

No comments:

Post a Comment

back to top