Thursday, December 18, 2014

ဒီဂျေသီချင်းခွေအခမဲ့ထုတ်မယ့် မိုးအောင်ရင်

ကိုယ်တိုင်တီးခတ်ထား သည့် ဒီဂျေအရောတေးသီချင်း များပါဝင်မည့်     သီချင်းခွေကို ပရိသတ်အတွက် အခမဲ့ပေးရန် စီစဉ်နေသည်ဟု သရုပ်ဆောင် မိုးအောင်ရင်ကဆိုသည်။
သရုပ်ဆောင်မိုးအောင်ရင် သည် ဒီဂျေမြူးဇစ်ကိုဝါသနာပါ သည့်အတွက် အင်္ဂလိပ်တေးသီ ချင်းများ၊ မြန်မာတေးသီချင်းများ ကို ပြန်လည်ဆန်းသစ်ပြီး ကိုယ် တိုင်ရိုက်ကူးထားသည့် ဗီဒီယို ဇာတ်ကားမှ ရိုက်ကွင်းပုံများ၊ လှုပ်ရှားမှုများကို ယင်းအခွေတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
‘‘ကျွန်တော်က ဒီအခွေထဲ မှာ ကျွန်တော်ကိုယ်တိုင်ဆိုထား တာတော့မပါဘူး။ ဒါပေမဲ့ ကျွန်တော်လှုပ်ရှားမှုပုံရိပ်တွေနဲ့ သူများဆိုထားတာတွေကို ဒီဂျေ ပွတ်ပြီးတော့လုပ်ထားတာတွေ ပါ။ အဲဒါကြောင့် ပရိသတ်ကို အခမဲ့ပေးမှာပါ’’ဟု သရုပ်ဆောင် မိုးအောင်ရင်ကပြောသည်။
ယင်းအခွေကို မည်သည့် အချိန်တွင် ပရိသတ်လက်ထဲသို့ ထည့်ပေးနိုင်မည်ကိုမသိရသေး သော်လည်း ပြင်ဆင်နေကြောင်း၊ လက်ရှိတွင် သရုပ်ဆောင် ခင်ဝင့်ဝါ၊ ရွှေပိုးအိမ်တို့နှင့် ‘အရူးနက္ခတ်’ အမည်ရှိ   ဟာသဇာတ်ကားကို ရိုက်ကူးနေကြောင်း ပြောသည်။

No comments:

Post a Comment

back to top