Monday, December 22, 2014

ဆန်းဒါးလန်း တန်းဆင်းဇုန်မှလွတ်၊ မာဆေး ရာသီဝက်ချန်ပီယံဖြစ်လာ

ပရီးမီးယားလိဂ်ပွဲ နယူးကာဆယ်နှင့် ဆန်းဒါးလန်းပွဲမှာ ၀-၁ ဂိုးဖြင့် အိမ်ရှင်နယူးကာဆယ်တို့ ရှုံးသွားခဲ့ပြီး ပြင်သစ်လီဂူးဝမ်းတွင် ပီအက်စ်ဂျီ သရေကျခဲ့ခြင်းကို အခွင့်ကောင်းယူနိုင်ခဲ့သည့် မာဆေးမှာ လီလီကို ၂-၁ ဂိုးဖြင့် အနိုင်ကစားပြီး ရာသီဝက် ချန်ပီယံဖြစ် သွားခဲ့သည်။

နယူးကာဆယ်မှာ ပြီးခဲ့သည့်ပွဲများတွင်  အာဆင်နယ်၊ စပါးတို့ကို ဆက်တိုက်ရှုံးခဲ့ရာမှ ယခုပွဲတွင်လည်း ဇယားအောက်ခြေထိပ်နားမှ ဆန်းဒါးလန်းကို ရှုံးခဲ့ရခြင်း ဖြစ်သည်။ နှစ်သင်းစလုံးပွဲတွင် အနိုင်ရရေး ကြိုးစားခဲ့ပြီး အိမ်ရှင်နယူးကာဆယ်တို့ အခွင့်အရေးအချို့ ရသလို ဆန်းဒါးလန်းလည်း ရခဲ့သည်။ ဒုတိယပိုင်းတွင်လည်း ထိုအတိုင်းနှစ်သင်းစလုံး  ဂိုးမရ ဖြစ်နေပြီး နယူးကာဆယ်နောက်ခံလူ စတီဗင်တိုင်လာမှာ ဖလက်ချာနှင့် တိုက်မိကာ ပါးရိုးနှင့် မျက်ခုံးကွဲဒဏ်ရာရ၍ သွေးထွက်ခဲ့သော်လည်း ခုနစ်မိနစ်ခန့် ဆေးကုသမှု ခံယူပြီး ကွင်းထဲပြန်ဝင် ကစားရာ ပရိသတ်များက သြဘာပေးခဲ့သည်။
ပွဲပြီးခါနီး  မိနစ် ၉၀ အရောက်တွင်မှ ဆန်းဒါးလန်းမှ အဒမ်ဂျွန်ဆင်က အပိုင်ဂိုးသွင်းကာ အိမ်ရှင်တို့ (၀-၁) ဂိုးဖြင့်ရှုံးပြီး ဆန်းဒါးလန်း  တန်းဆင်းဇုန်ထိပ်မှ  လွတ်မြောက်သွားခဲ့ စေခဲ့ခြင်းသည်။
မာဆေးမှာ အိမ်ကွင်း၌ ကစားသောထိုပွဲတွင် လီလီမှရော့ဇ် ၃၂ မိနစ်၌ ကိုယ့်ဂိုးကိုယ် သွင်းမှုကြောင့် တစ်ဂိုး အသာဖြင့် ဦးဆောင် နိုင်ခဲ့သည်။ သို့သော် ဒုတိယပိုင်း ပြန်စပြီး လီလီပြန်ဖိ ကစားလာရာမှ ၆၁ မိနစ်တွင် ဆစ်ဒီဘီပေးသော ဘောလုံးကို ဂူအီယီက ချေပဂိုး သွင်းခဲ့သည်။ သို့သော် ဂိုးပေးရပြီး မကြာမီ ၆၉ မိနစ်တွင် သော်ဗင်ပေးပို့သည့် ဖြတ်တင်ဘောကို ဘတ်ရွှာရီက အပိုင်ကန်သွင်းပြီး ဒုတိယဂိုးယူခဲ့ကာ ပွဲအပြီးတွင် ထိုရလဒ်အတိုင်း နိုင်ခဲ့ကာ လိဂ်ကိုဦးဆောင်ပြီး ဒုတိယပီအက်စ်ဂျီကို သုံးမှတ်ပြန်ဖြတ်နိုင်ခဲ့သည်။

No comments:

Post a Comment

back to top