Wednesday, December 17, 2014

ပေါ့ပ်ဘုရင်မ မက်ဒေါနား ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ဖျော်ဖြေပွဲပေါင်း ၈၈ ပွဲ ကျင်းပသွားမည်


ကမ္ဘာကျော် ပေါ့ပ်ဘုရင်မ မက်ဒေါနားသည် ၂ဝ၁၅ ခုနှစ်တွင် ကမ္ဘာလှည့် ဖျော်ဖြေပွဲများ ကျင်းပသွားမည် ဖြစ် ကြောင်း   သိရသည်။ မက်ဒေါနားသည် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ၁၉၈၅ ခုနှစ်က ကျင်းပခဲ့သော Like a Virgin ဖျော်ဖြေပွဲကို ပြန်လည်ဆန်းသစ်ထားသော ပုံစံဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း အတွင်း သိ တစ်ဦးက ထုတ်ဖော်ပြောကြား ခဲ့သည်။
အသက် ၅၆ နှစ်အရွယ် ရှိပြီဖြစ်သည့်   မက်ဒေါနားသည် ပြီးခဲ့သည့် နှစ်ကလည်း သူမ၏ MDNA တေးအယ်လ်ဘမ်ကို အရောင်းမြှင့်တင်သည့် အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် ဖျော်ဖြေပွဲများကို ကျင်းပခဲ့သည်။
၂ဝ၁၅   ခုနှစ်တွင်   ကျင်းပမည့် ကမ္ဘာလှည့် ဖျော်ဖြေပွဲကိုလည်း MDNA ဖျော်ဖြေပွဲကဲ့သို့ပင်  ဥရောပ၊ တောင်အာဖရိကနှင့် အာရှတစ်ဝန်းတွင်   ဖျော်ဖြေပွဲပေါင်း    ၈၈ ပွဲကို ကျင်းပသွားမည် ဖြစ်သည်။

No comments:

Post a Comment

back to top