Wednesday, December 24, 2014

မန်ယူတို့ အမှတ်ပြည့်ယူမယ့် ပရီမီယာလိပ်ပွဲစဉ် (၁၈)

ဥရောပရဲ့လိဂ်ပွဲစဉ်တွေ ဆောင်းခိုသွားကြပေမယ့် အင်္ဂလန်ပရီမီယာလိဂ်ကတော့ ယှဉ်ပြိုင်မှု အရှိန်အဟုန် ကောင်းကောင်းနဲ့ ဖြတ်သန်း နေဆဲပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်ပရီမီယာလိဂ်ပွဲစဉ်(၁၈)ကို ဒီဇင်ဘာ ၂၆ ရက်မှာ ဆင်နွှဲမှာမို့ အသင်းကြီးတွေအပြိုင်အဆိုင် အမှတ် စုဆောင်းကြဦးမှာ ဖြစ်ပါတယ်။
မန်ယူနှင့် နယူးကာဆယ်ပြီးခဲ့တဲ့ပွဲစဉ်မှာ ဗီလာကို သရေပွဲဖြစ်ခဲ့တဲ့ မန်ယူဟာ အခုပွဲမှာတော့ အမှတ်ပြည့်ရအောင် အားထုတ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်တုန်းက မန်ယူကွင်းမှာ နယူးကာဆယ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးထားတဲ့ ခံစားမှုကို သတိပြုရမှာ ဖြစ်သလို ခြေပေါ်ရင်အသင်းကြီးတွေကို ဒုက္ခပေးတတ်တာမို့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူတို့လျှော့တွက်ရင် မှားပါလိမ့်မယ်။ မန်ယူတို့ အိမ်ကွင်း ဆိုပေမယ့် လူစုံထုတ်မှ ရပါလိမ့်မယ်။
ချယ်လ်ဆီးနှင့် ဝက်စ်ဟမ်း
ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်လာတဲ့ ချယ်လ်ဆီးဟာ တန်းစီဇယား ဒုတိယနေရာက မန်စီးတီးကို အမှတ်ဖြတ်ထားဖို့ ဒီပွဲမှာ စွမ်းဆောင်မှု အကောင်းဆုံး ပြသပါလိမ့်မယ်။ ချယ်လ်ဆီးရဲ့ အိမ်ကွင်းရလဒ်က ကောင်းနေတာမို့ ဝက်စ်ဟမ်းတို့ စုစည်းမှု ကောင်းကောင်းနဲ့ ချီတက်လာမှ ရပါလိမ့်မယ်။ ချယ်လ်ဆီးကို သရေ ကစားနိုင်တဲ့ ဝက်စ်ဟမ်းကိုလျှော့ တွက်လို့မရပါဘူး။
ဝက်စ်ဘရွန်းနှင့် မန်စီးတီး
ဝက်စ်ဘရွန်းကွင်းမှာ မန်စီးတီးတို့ နိုင်ပွဲရတာများပါတယ်။ မန်စီးတီးဟာ ပရီမီယာလိဂ်ဖလားကို ကာကွယ်ဖို့အတွက် ဒီပွဲမှာ မန်စီးတီးတို့ အမှတ်ပြည့် ရအောင်ကြိုးစားပါလိမ့်မယ်။ ဝက်စ်ဘရွန်းတို့ကတော့ အိမ်ကွင်းဆိုပေမယ့် မန်စီးတီးရဲ့ဖိအားကို ခံစားရဖို့ ရှိနေပြီး မျှော်လင့်ချက်ဆိတ်သုဉ်း သွားနိုင်တဲ့ပွဲ ဖြစ်ပါတယ်။
ဘန်လေနှင့် လီဗာပူး
ဆောက်သမ်တန်လို ခြေစွာနေတဲ့အသင်းကို အနိုင်ယူခဲ့တဲ့ ဘန်လေရဲ့ စွမ်းအားက လျှော့တွက်လို့မရပါဘူး။ လီဗာပူးတို့ကတော့ ဘန်လေနဲ့ဆုံတိုင်း ရလဒ်ကောင်းတွေဆောင်ကြဉ်းနိုင်တာမို့ အခုပွဲမှာလည်း ဘန်လေအပေါ် ဘယ်လိုချေမှုန်းနိုင်မလဲ ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်နှင့် ကျူပီအာ
ကျူပီအာတို့ကတော့ အာဆင်နယ်ကို ခြေရည်တူကစားနိုင်ဖို့ ပြင်ဆင်လာမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေတာမို့ ဝေဖန်မှုတွေကို ချေဖျက်ဖို့ အတွက် အခုပွဲအိမ်ကွင်းမှာ သေသေချာချာ ဗျူဟာ ခင်းကျင်းပြီး နိုင်ပွဲ ရအောင် ပုံဖော်ပါလိမ့်မယ်။ အာဆင်နယ်တို့အတွက် ခက်ခဲစွာ ကျော်ဖြတ်ရမယ့်ပွဲ ဖြစ်ပါတယ်။
လက်စတာနှင့် စပါး
တန်းစီဇယားအောက်ဆုံးရောက်နေတဲ့ လက်စတာတို့အတွက် ဒီပွဲမှာလည်း အမှတ်ရဖို့ ခက်ခဲပါဦးမယ်။ စပါးတို့က လည်း ခြေစွမ်း အတက်အကျရှိနေတာမို့ အိမ်ကွင်းမှာ လက်စတာတို့ ပြင်းထန်တဲ့ ရုန်းကန်အားနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ စပါးကို ကြိုက်ပေမယ့် လက်စတာအားထုတ်မှုကို ပိုပြီး နှစ်သက်ပါတယ်။
ဆွမ်ဆီးနှင့် ဗီလာ
မန်ယူတို့ကို သရေပွဲကစားပြီး နိုင်ပွဲရပ်တန့်စေခဲ့တဲ့ ဗီလာရဲ့အားထုတ်မှုက ချီးမွမ်းစရာပါ။ ဆွမ်ဆီးတို့ရဲ့ ခြေစွမ်းက မတည်ငြိမ်တာမို့ အိမ်ကွင်းမှာ ရင်ပူစရာဖြတ်သန်းမှုနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမှတ်လိုအပ်မှု ပြင်းထန်နေတဲ့ ဆွမ်ဆီးကို ဒီပွဲမှာ အားပေးရမှာပါ။

No comments:

Post a Comment

back to top