Thursday, December 18, 2014

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့နယ် ဖွံ့ဖြိုးရေးဆောင်ရွက်
*********************************************************


ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်သတ္ထုဝန်ကြီး ဦးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းစိုး၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ထွန်းဝင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဟင်္သာတမြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်နိုင်လင်း၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဖုန်းလွင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ရီရီစန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးညွှန့်ဦး တို့နှင့်အတူ ဟင်္သာတမြို့ တာကလေးမြို့သစ် ပြည်လုံးချမ်းသာတန်ဆောင်းတွင် ဒီဇင်ဘာ (၁၆) ရက် နံနက် ၉ နာရီခွဲက ဟင်္သာတ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
အစည်းအဝေးတွင် တက်ရောက်လာသော ဒေသခံများက ရပ်ကွက်အတွင်း လျှပ်စစ်မီးများ လုံလောက်စွာ ရရှိရေး၊ မှုလတန်းကျောင်းခွဲ တည်ဆောက်ရေး ကိစ္စရပ်များ ကို တင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်လုံးချမ်းသာ တန်ဆောင်းကြီး ပြန်လည်ပြုပြင်ရန်အတွက် သွပ်အချပ်ရေ ၁၀၀ လှူဒါန်းခဲ့သည်။
ယခုလ ၁၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် တလုတ္တော်တိုက်နယ် အင်းဝင်းကျေးရွာအမကသို့ ရောက် ရှိကာ ဒေါသရော်ကျောင်းဆရာတော်အား ဖူးမြော်ပြီး ဒေသခံပြည်သူ ၃၀၀ ခန့်နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောက် လုပ်မည့် ပေ (၁၈၀×၃၀) ကျောင်းဆောင်သစ် ဆောက်လုပ်မည့်ကိစ္စများ ဆွေးနွေးကာ ကျောင်းဆောက်မည့် မြေနေရာကို ကြည်ရှုစစ်ဆေးခဲ့သည်။

No comments:

Post a Comment

back to top