Friday, December 19, 2014

အာဂျင်တီးနား အကောင်းဆုံးဆု ဒီမာရီယာရရှိ

အာဂျင်တီးနားလက်ရွးစင် မန်ယူတောင်ပံကစားသမား  ဒီမာရီယာသည် မက်ဆီနှင့် အဂူရိုကဲ့သို့ ထိပ်တန်းတိုက်စစ် မှူးများကို ဖြတ်ကျော်ကာ အာဂျင်တီးနား၏ ပြည်ပရောက် အကာင်းဆုံး ဘောလုံးသမားဆုကို အားကစား ဂျာနယ်လစ်များ မဲပေး ရွေးချယ်မှုဖြင့် ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဒီမာရီယာသည် ပြီးခဲ့သည့် နှစ်အတွင်း ရီးရဲလ်နှင့် ချန်ပီယံလိဂ်ဖလားရခဲ့သလို ဇူလိုင်လကလည်း အာဂျင်တီးနားနှင့် အတူ ခြေစွမ်းပြကာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
ထို့နောက် ၎င်းသည် ယခုရာသီအစတွင် မန်ယူသို့ ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၇ သန်းဖြင့် ပြောင်းခဲ့ကာ ပရီးမီးယားလိဂ်တွင်လည်း ခြေစွမ်းပြနေသူဖြစ်သည်။
ယခုတစ်ကြိမ်မှာ ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို ဦးဆောင်ခဲ့ပြီး ရွှေဘောလုံးဆုရကာ ဘာကာအတွက် ၅၆ ဂိုး သွင်းပးနိုင်သည့် မက်ဆီမှာ Olimpia de Plata ဆုနှင့် ပထမဆုံးအကြိမ် လွဲချော်ခြင်းဖြစ်သည်။ မက်ဆီမှာ ၂၀၀၅ က တစ် ကြိမ်နှင့် ၂၀၀၇ မှ ၂၀၁၃ အထိ ခုနစ်ကြိမ်ဆက်တိုက် စုစုပေါင်း ၈ ကြိမ်ဖြင့် စံချိန်တင်ရထားသည်။
ယခုနှစ် အာဂျင်တီးနားပြည် တွင်းအကောင်းဆုံး ဘောလုံးသမားဆုကို ဘရာဇီးကလပ် အက်သလက်တီကို မင်နဲရိုးသို့ ပြောင်းရန်ရှိသည့် အာဂျင်တီးနား ဗယ်လက်ဆာဖီးမှ တိုက်စစ်မှူး လူးကပ်စ်ပရတ်တိုက ရရှိသွားသည်။

No comments:

Post a Comment

back to top