Tuesday, December 23, 2014

အာရှဖလားပွဲအတွက် တောင်ကိုရီးယား လက်ရွေးစင် (၂၃)ဦး ရွေးချယ်

သြစတြေးလျမှာ နောက်လမှာ ကျင်းပမယ့် အာရှဖလား ဘောလုံးပြိုင်ပွဲအတွက် တောင်ကိုရီးယား လက်ရွေးစင်(၂၃)ဦးကို တနင်္လာနေ့က အပြီးသတ် ရွေးချယ်လိုက်ပါတယ်။ ဂျာမနီလူမျိုး တောင်ကိုရီးယားအသင်းနည်းပြ ယူလီစတီလိုက် ရွေးချယ်လိုက်တဲ့ အပြီးသတ် လူစာရင်းမှာ (၁၇)ဦးဟာ ပြည်ပကလပ်တွေမှာ ကစားနေတဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီမှာ(၆)ဦးက ဥရောပမှာ ကစားနေသူတွေ ဖြစ်ပါတယ်။

အဲဒီ(၆)ဦးထဲမှာ ဆွမ်ဆီးမှာ ကစားနေတဲ့ ကီဆန်ယွမ်၊ ဘော်လ်တန်ကလပ်က လီချွမ်ယန်နဲ့ လီဗာကူစင်ကလပ်ရောက် ဆန်ဟွမ်မင်တို့ ပါဝင်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်း အတွေ့အကြုံ လုံးဝမရှိသေးတာဆိုလို့ ရှေ့တန်းလူ လီဂျုံဟတ် တစ်ဦးသာ ပါဝင်ပါတယ်။ လီက တောင်ကိုရီးယား တပ်မတော်ကလပ် ဆန်ဂျူဆန်မူကဖြစ်ပြီး တိုက်စစ်မှူး(၃)ဦးမှာ သူကအတွေ့အကြုံ နည်းပေမယ့် နည်းပြယူလီစတီလိုက်ကတော့ သူ့ကို အားထားတယ်လို့ ဆိုပါတယ်။ "ကျွန်တော် ဘောလုံးသမား ရွေးချယ်တဲ့ အတွေးအခေါ်ကတော့ အရာအားလုံးထက် သူတို့ကျန်းမာရေးကို ဦးစားပေး စဉ်းစားတာပါပဲ"လို့ နည်းပြယူလီစတီလိုက်က ပြောပါတယ်။ အာရှဖလားပွဲမှာ တောင်ကိုရီးယား အသင်းဟာ အိမ်ရှင် သြစတြေးလျ၊ အိုမန်၊ ကူဝိတ်တို့နဲ့ တစ်အုပ်စုတည်း ကျနေပါတယ်။ နောက်ပြီး တောင်ကိုရီးယား အသင်းဟာ နောက်ဆုံး ခြေစမ်းပွဲအနေနဲ့ ဇန်န၀ါရီ (၄)ရက်ကျရင် ဆော်ဒီအာရေဗျ အသင်းနဲ့ ဆစ်ဒနီမြို့မှာ ကစားပါမယ်။ 

No comments:

Post a Comment

back to top