Thursday, December 18, 2014

အင်ဒိုနီးရှား မြေပြိုမှု သေဆုံးသူ ၇၉ ဦးထိရှိလာ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗား၌ ဖြစ်ပွားခဲ့သည့် မြေပြိုမှု၌ သေဆုံးသူ ၇၉ ဦးအထိ ရှိလာပြီဖြစ်ပြီး ပျောက်ဆုံး နေသူ ၂၉ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် အရာရှိများက ပြောကြားသည်။ငါးဦးမှာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း အခြားကိုးဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် တားဆီးရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက ဆင်ဟွာသို့ ဖုန်းဖြင့် ပြောခဲ့သည်။
မြေပြိုမှုဖြစ်ပွားချိန်တွင် jemblung  ရွာလမ်းမပေါ် လူနှင့်ကားများ ဖြတ်သန်းသွားလာနေခဲ့ရာ အမှန်တတယ် ပျောက်ဆုံးနေသူ အရေအတွက်မှာ ၂၉ ဦးထက် များနိုင်ကြောင်း အခြားအရာရှိတစ်ဦးက ပြောသည်။ထို့ပြင် လာမည့်ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု ပိုများလာနိုင်ပြီး မြေပြိုမှုများ ထပ်မံဖြစ်ပွား လာနိုင်ကြောင်း အစိုးရက သတိပေးချက် ထုတ်ပြန် ထားသည်

No comments:

Post a Comment

back to top