Monday, December 29, 2014

နေရှင်နယ် ဟော်ကီလိဂ်ပွဲမှာ ၀ါရှင်တန်ကက်ပီတယ် အသင်းက (၃)ဂိုးပြတ် အနိုင်ရ

အမေရိကန်နေရှင်နယ် ဟော်ကီလိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ပွဲအဖြစ် ကစားတဲ့ ၀ါရှင်တန်ကက်ပီတယ်နဲ့ ပစ်တ်ဘက်ရှ် ပင်ဂွင်းတို့ပွဲမှာ ၀ါရှင်တန်ကက်ပီတယ်က (၃)ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဝါရှင်တန်အတွက် ဂိုးတွေကို ပထမပိုင်းနဲ့ တတိယပိုင်းတွေမှာ သွင်းယူခဲ့ကြတာဖြစ်ပြီး အီရစ်ဖာက(၂)ဂိုးနဲ့ ဘရာဒန်ဟော့ဘီက တစ်ဂိုးသွင်းပေးခဲ့ကြတာ ဖြစ်ပါတယ်။ ၀ါရှင်တန်အတွက် ဒီနိုင်ပွဲကြောင့် ရမှတ်(၄၂)မှတ်ထိ ရယူနိုင်ခဲ့ပေမယ့် ပင်ဂွင်းကတော့ နောက်ဆုံး(၁၀)ပွဲမှာ (၅)ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

No comments:

Post a Comment

back to top