Wednesday, December 24, 2014

ဖာရာရီကားနဲ့ လေ့ကျင့်ရတာ အလွန်ကောင်းပါတယ်လို့ ဒရိုင်ဗာသစ် ဗက်တယ်ပြော

ဖာရာရီအသင်းရဲ့ ဖော်မြူလာဝမ်း ဒရိုင်ဗာသစ် ဆီဗက်တီယနှ်ဗက်တယ်က ဖာရာရီပြိုင်ကားနဲ့ လေ့ကျင့်ရတာ အလွန်ကောင်း ပါတယ်လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

ဖာရာရီအသင်းဟာ အီတလီနိုင်ငံ ဖီအိုရာနိုမြို့က သူတို့ရဲ့ ကားပြိုင်ကွင်းမှာ သူတို့ရဲ့ဒရိုင်ဗာသစ် ဆီဗက်တီယန်ဗက်တယ် လေ့ကျင့်တဲ့ တရားဝင် ဗီဒီယိုခွေကို တနင်္လာနေ့က ပထမဆုံး ဖြန့်ဝေပေးခဲ့ပါတယ်။ အဲဒီအခွေက ဖာရာရီကားနဲ့ ဂျာမနီနိုင်ငံသား ဒရိုင်ဗာဗက်တယ် လေ့ကျင့်နေတာကို နိုဝင်ဘာ(၂၉)ရက်မှာ ရိုက်ထားတာဖြစ်ပြီး ဗက်တယ်က သူ့အတွေ့အကြုံတွေကို ပြောထားပါတယ်။ "ဒီနေ့ကတော့ ထူးခြားတဲ့နေ့ပါ။ ဟိုးတုန်းကအဖြစ်ကို သတိရမိတယ်။ ကျွန်တော် ကလေးဘ၀ကဆိုရင် မာရာနယ်လိုမြို့လေးမှာ ဒီလိုပြိုင်ကားတွေ လေ့ကျင့်တာကို ခြံစည်းရိုး အပြင်ကနေ ငေးခဲ့ရတာပါ။ အခုတော့ ကျွန်တော် ကိုယ်တိုင်က ပြိုင်ကားအသင်းရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်နေ ပါပြီ"လို့ ကမ္ဘာ့ချန်ပီယံဆု (၄)ကြိမ်ရထားတဲ့ ဖော်မြူလာဝမ်းဒရိုင်ဗာ ဗက်တယ်က ပြောပါတယ်။သူက ရက်ဘူးအသင်းကနေ ဖာရာရီအသင်းကို ပြောင်းလာတာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top