Thursday, December 18, 2014

အင်းတော်မြို့နယ် စီမံခန့်ခွဲရေးဥက္ကဋ္ဌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အဖွဲ့ ခရိုင်နှင့် ကျေးရွာ ချင်းဆက်လမ်းများ စစ်ဆေး မူးယစ်ဆေးဝါး ကင်းစင် ရေးဟောပြော

***********************************************************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့် နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးချစ်ဆွေ (မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်) တို့သည် မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဝင်များဖြစ်သော မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမင်းအောင်၊ ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ပြည်သူ့ ဆောက် လုပ်ရေးလုပ်ငန်း လက်ထောက် အင်ဂျင်နီယာ ဦးဆန်းလင်း တို့လိုက်ပါလျက် ယခုလ ၄ ရက် မွန်းတည့် ၁၂ နာရီက ခရိုင်ချင်း ဆက်လမ်း၊ ဝန်းသို-အင်းတော် နယ်စပ်တွင် ဘက်ဟိုးဖြင့် မြေသားတင်ခြင်းလုပ်ငန်းများ၊ မဲဇာ၊ အလည်ဆိပ်၊ ပင်သချေ၊ နောင်မိုးကျေးရွာ ချင်းဆက်လမ်းများ ကျောက်ချောလမ်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ် ဆေးကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင် ရွက်ပေးကြသည်။
ထို့နောက် အလည်ဆိပ်ကျေးရွာ အမကကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများကို ပရိုဂျက်တာအသုံးပြု၍ မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများ၊ မူးယစ်ဆေးဝါးကို လုံးဝလက်တည့်မစမ်းရေးတို့ကို ဟောပြောပြသ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top