Friday, May 30, 2014

ဒုံးကျည် ကာကွယ်ရေး စနစ် တပ်ဖြန့် ချထားရန် အမေရိကန်၏ ကမ်းလှမ်းမှုအား တောင်ကိုရီးယား ငြင်းဆို 

အမေရိကန်နိုင်ငံ၏ လော့ဟိဒ်မာတင် ကုမ္ပဏီထုတ် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်နိုင်စွမ်း ရှိသည့် အမြင့်ပျံဒုံးကျည် ကာကွယ်ရေး(THAAD) စနစ်အား တပ်ဖြန့်ချထားရေး ကမ်းလှမ်းမှု ကို တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနမှ မေ ၂၉ရက်တွင် ငြင်းဆိုခဲ့ကြောင်းနှင့် ပြည်တွင်းထုတ် ဒုံးကျည် ကာကွယ်ရေး စနစ်များကိုသာ  ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ အနေဖြင့် အဆိုပါ ဒုံးကျည် ကာကွယ်ရေးစနစ်ကို  လက်သင့်ခံရန် သုံးသပ်စဉ်း စားမှု ပြုလုပ်ခြင်း မရှိကြောင်း၊ ၎င်းဒုံး ကျည်ကာကွယ်ရေးစနစ်အား တပ်ဖြန့်ချထားရန် အမေရိကန်နိုင်ငံက ကြိုးပမ်းနေခြင်းရှိ၊ မရှိဆိုသည့် အချက်ကို သတိမမူမိကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ် ရသေးခြင်း ရှိသော်လည်း အမေရိကန်နိုင်ငံက ယင်းစနစ် တပ်ဖြန့်ချထားမည့် နေရာအတွက် သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ပင်လယ်ရေပြင် အထက် ၅ဝ မှ ၆ဝ ကီလိုမီတာ( ၃၁ မိုင်မှ ၃၇ မိုင်ကျော်) အမြင့်မှ  ဝင်ရောက်လာသည့် ဒုံးကျည်များကို ကြားဖြတ်တိုက်ခိုက်နိုင်သည့် မြေပြင်မှဝေဟင် တာဝေးပစ်(L-SAM) ဒုံးကျည်များကို  ထုတ်လုပ်လျက်ရှိပြီး ပဲ့ထိန်းဒုံးကျည်များကို  ပစ်ချနိုင်စွမ်း ရှိသည့် PAC-3 ဒုံးကျည်များကို  ဝယ်ယူရန် လည်း တောင်ကိုရီးယား စစ်ဘက်က  စီစဉ်လျက်ရှိကြောင်း သိရသည်။ PAC-3 ဒုံးကျည်များ သည် မြောက်ကိုရီးယား နိုင်ငံ၏ တာလတ်ပစ် Rodong ဒုံးကျည်များကို ပစ်ချနိုင်စွမ်းရှိကြောင်း  ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

 

No comments:

Post a Comment

back to top