Friday, May 30, 2014

ပြင်သစ်အိုးပင်း ပြိုင်ပွဲကနေ ၀ီလျံညီအစ်မ ထွက်ခဲ့






ကမ္ဘာ့နံပတ်(၁) ဆီရီနာဝီလျံနဲ့ သူ့အစ်မဖြစ်သူ ဗီးနပ်ဝီလျံတို့ဟာ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ဒုတိယအဆင့်ကပဲ ထွက်ခဲ့ရပါတယ်။ ပဲရစ်မြို့မှာ ဗုဒ္ဒဟူးနေ့က ကစားတဲ့ အမျိုးသမီး တစ်ဦးချင်း ဒုတိယအဆင့်မှာ လက်ရှိချန်ပီယံလည်းဖြစ်တဲ့ အမေရိကန် တင်းနစ်မယ် ဆီရီနာဟာ ကမ္ဘာ့အဆင့် (၃၅)သာရှိတဲ့ စပိန်တင်းနစ်မယ် ဂါဘင်မူဂူရူဇာကို (၂း၆၊၂း၆)နဲ့ ရှုံးသွားပါတယ်။ အသက်(၂၀)သာ ရှိသေးတဲ့ မူဂူရူဇာဟာ နောက်တစ်ဆင့်မှာ စလိုဗားကီးယား တင်းနစ်မယ် အန်နာရှမီလိုဗာနဲ့ ကစားရပါမယ်။ အသက်(၁၉)နှစ်သာ ရှိသေးပြီး ကမ္ဘာ့အဆင့်(၅၆)ရှိတဲ့ ရှမီလိုဗာကလည်း ဆီရီနာရဲ့ အစ်မဗီးနပ်ကို (၂း၆၊၆း၃၊၆း၎)နဲ့ အနိုင်ရခဲ့ပါတယ်။ ဗီးနပ်ဟာ အသက်(၃၂)နှစ်ရှိပြီး ဒီပြိုင်ပွဲမှာ ဆီဒင်(၂၉) ရထားသူ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top