Thursday, May 29, 2014

ဆွဲဆောင်မှု ရှိသော မိန်းကလေး အဖြစ် ယူဆခံရသည်ကို မနှစ်သက် ဟု စကားလက်ဂျိုဟန်ဆန် ပြောကြား

ဟာလီးဝုဒ် မင်းသမီးချော စကားလက်ဂျိုဟန်ဆန်သည် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦး အဖြစ် ယူဆ ခံရခြင်းကို နှစ်သက်မှု မရှိကြောင်း အသက်အရွယ် ရလာခြင်းကို လက်ခံ ယုံကြည်နိုင်ရန် စဉ်းစား ထားကြောင်း ပြောကြား ခဲ့သည်ဟု Contactmusic သတင်းဌာနက ဖော်ပြခဲ့သည်။

အသက် ၂၉ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဂျိုဟန်ဆန်သည် လက်ရှိတွင် သူမ၏ချစ်သူ ပြင်သစ် သတင်းထောက် ရိုမိန်းဒါရစ်၏ ရင်သွေးလေးကို လွယ်ထားရသူ ဖြစ်သည်။ စွဲမက်ဖွယ် ကောင်းသော မင်းသမီး အဖြစ် သတ်မှတ် ခံရသည်မှာ စိတ်ကျေနပ်စရာ ကောင်းသော်လည်း အမြဲတစေ ခေတ်ဆန်ပြီး စွဲမက်ဖွယ်ကောင်းသူ တစ်ဦး မဖြစ်လိုကြောင်း၊ အလှတရားသည် အသက်အရွယ် ရလာသည်နှင့် အမျှ လျော့ပါးသွားမည် ဖြစ်သည့် အတွက် ရေရှည် မဖြစ်နိုင်ကြောင်း ဂျိုဟန်ဆန်က ဆိုသည်။
Avengers ဇာတ်ကားမှ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်က မိခင်ဘဝနှင့် အနုပညာရှင် ဘဝကို လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက် နေထိုင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဝန်ခံ ပြောကြားဖူး သည်ဟု သိရသည်။

No comments:

Post a Comment

back to top