Friday, May 30, 2014

Jiyeon နှင့် Hyeri တို့နှစ်ဦး '' The Show '' အစီအစဉ်တွင် အခမ်းအနားမှူး အဖြစ် ပါဝင် တင်ဆက်မည် 

SBS MTV ရုပ်သံဌာန၏ ဇွန် ၃ ရက် တွင် ကျင်းပမည့် The Show အစီအစဉ်တွင် T-ara အဖွဲ့မှ  Jiyeon သည် အခမ်းအနားမှူး အဖြစ် တင်ဆက်သွားမည် ဖြစ်ပြီး   ဒုတိယ အခမ်းအနားမှူး အဖြစ် Girl's Day အဖွဲ့မှ Hyeri က တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။
၎င်းအစီအစဉ်သည် Jiyeon နှင့် Hyeri တို့နှစ်ဦး ပထမဆုံး အကြိမ် ပူးတွဲ လုပ်ဆောင်သည့် အစီအစဉ်ဖြစ်ပြီး ယင်းကဲ့သို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြင့်   ယခု အစီအစဉ်ကို လူအများ၏   စိတ်ဝင်စားမှု ရရှိစေမည် ဖြစ်ကြောင်း SBS MTV ဌာနက ပြောကြားခဲ့သည်။
အသက် ၂ဝ ကျော် အရွယ်ရှိ Jiyeon နှင့် Hyeri တို့နှစ်ဦးသည် ချစ်စရာကောင်းပြီး စွဲမက်ဖွယ် ကောင်းသော အမျိုးသမီးလေးများ အဖြစ် နာမည်ကျော်ကြား လူသိများသူများ ဖြစ်ပြီး ၎င်းတို့နှစ်ဦးနှင့် အတူ အမျိုးသား မော်ဒယ်လ် တစ်ဦးကလည်း   အခမ်းအနားမှူး အဖြစ်  ပါဝင်တင်ဆက် သွားမည် ဖြစ်ရာ  The Show အစီအစဉ်တွင် စုစုပေါင်း အခမ်းအနားမှူး သုံးဦး   ပါဝင်တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top