Thursday, May 29, 2014

MFF Cup ဖူဆယ်ပြိုင်ပွဲဖွင့်လှစ်




Photo: MFF Cup ဖူဆယ်ပြိုင်ပွဲဖွင့်လှစ်

MFF Ooredoo futsal Cup ၂၀၁၄ ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၈ နာရီက အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁ (သုဝဏ္ဏ) ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကား ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်သည်။

ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်းအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင် အသင်းတို့ သရုပ်ပြပွဲကစားရာ မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းက ၁၁ ဂိုး-၄ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ မြန်မာ လက်ရွေးစင်အသင်းတွင် ပရိသတ်အချစ်တော် ကစားသမားများဖြစ်သည့် မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ အောင်ကျော်မိုး၊ ထွန်းထွန်းဝင်း၊ မျိုးမင်းထွန်း စသည့် ကစားသမားများ ပါဝင်ကစားခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင်အသင်းတွင် ဇာနည်၊ သူထူးစံ၊ ကျော်ကျော်ဗို စသည့် ကစားသမားများ ပါဝင်ခဲ့သည်။

ပထမနေ့ပွဲစဉ်များတွင် MIC အသင်းက (ဇ) မြောက်အသင်းကို ၁၀ဂိုး-ဂိုးမရှိ၊ တောင်ဒဂုံအသင်းက ထိပ်တန်းအသင်းကို ၁၁ ဂိုး - ၂ ဂိုး၊ လင်းစဒေါင်းအသင်းက ဇွဲကပင်အသင်းကို ငါးဂိုး-လေးဂိုးတို့ဖြင့် အနိုင် ရရှိပြီး လှိုင်အသင်းနှင့်ကျောက်စိမ်း လူငယ်အသင်းတို့ သုံးဂိုးစီသရေ၊ ရတနာသိင်္ဃအသင်းနှင့် Hit-Man အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

ပြိုင်ပွဲတွင် အသင်းပေါင်း ၄၂ သင်း ဝင်ရောက် ယှဉ်ပြိုင်နေပြီး နေ့စဉ် ကျင်းပသွားမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုညွန့်


MFF Ooredoo futsal Cup ၂၀၁၄ ပြိုင်ပွဲဖွင့်ပွဲအခမ်း အနားကိုယနေ့နံနက် ၈ နာရီက အမျိုးသား အားကစား ပြိုင်ပွဲရုံ-၁  (သုဝဏ္ဏ) ၌ ကျင်းပသည်။ ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အမှာစကား ပြောကြား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများကို လိုက်လံနှုတ်ဆက်သည်။

ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မြန်မာ့လက်ရွေးစင်ဟောင်းအသင်းနှင့် ရုပ်ရှင်သရုပ်ဆောင် အသင်းတို့ သရုပ်ပြပွဲကစားရာ မြန်မာ့ လက်ရွေးစင်ဟောင်းအသင်းက ၁၁ ဂိုး-၄ ဂိုးဖြင့် အနိုင်ရရှိသွားသည်။ မြန်မာ လက်ရွေးစင်အသင်းတွင် ပရိသတ်အချစ်တော် ကစားသမားများဖြစ်သည့် မျိုးလှိုင်ဝင်း၊ ကြည်လွင်၊ အောင်ကျော်မိုး၊ ထွန်းထွန်းဝင်း၊ မျိုးမင်းထွန်း စသည့် ကစားသမားများ ပါဝင်ကစားခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင်အသင်းတွင် ဇာနည်၊ သူထူးစံ၊ ကျော်ကျော်ဗို စသည့် ကစားသမားများ ပါဝင်ခဲ့သည်။

ပထမနေ့ပွဲစဉ်များတွင် MIC အသင်းက (ဇ) မြောက်အသင်းကို ၁၀ဂိုး-ဂိုးမရှိ၊ တောင်ဒဂုံအသင်းက ထိပ်တန်းအသင်းကို ၁၁ ဂိုး - ၂ ဂိုး၊ လင်းစဒေါင်းအသင်းက ဇွဲကပင်အသင်းကို ငါးဂိုး-လေးဂိုးတို့ဖြင့် အနိုင် ရရှိပြီး လှိုင်အသင်းနှင့်ကျောက်စိမ်း လူငယ်အသင်းတို့ သုံးဂိုးစီသရေ၊ ရတနာသိင်္ဃအသင်းနှင့် Hit-Man အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

No comments:

Post a Comment

back to top