Thursday, May 29, 2014

မက္ကဆီကို အသင်းကို သမ္မတ အင်းရစ်ပီနာနီတို အမှာစကား ပြော






သမ္မတ အင်းရစ်ပီနာနီတိုက မက္ကဆီကိုအသင်းကို ဘရာဇီးလ် ကမ္ဘာ့ဖလားပွဲမှာ ထူးချွန်ပြောင်မြောက်စွာ ခြေစွမ်းပြကြဖို့ အင်္ဂါနေ့က မှာကြားလိုက်ပါတယ်။ မက္ကဆီကိုစီးတီးမှာ လုပ်တဲ့ အသင်းနှုတ်ဆက်ပွဲမှာ သမ္မတက မှာကြားတာ ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းဟာ ဒီနှစ်ကမ္ဘာ့ဖလားပွဲကို (၁၅)ကြိမ်မြောက်အဖြစ် ပါဝင်ယှဉ်ပြိုင်မှာပါ။ ဒီနှစ်အသင်းကို လီယွန်နောက်တန်းလူ ရာဖေးမာကွစ်က ကက်ပတိန်အနေနဲ့ ဦးဆောင်ပါမယ်။ မာကွစ်ဟာ သူ့အသက်(၂၃)နှစ်အရွယ် (၂၀၀၂)ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားပွဲကို ပထမဆုံးအကြိမ် ပါဝင်ခဲ့ပြီး ဒီနှစ်မှာ ကမ္ဘာ့ဖလား (၄)ကြိမ်ဆက် ပါဝင်ကစားမှာ ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းမှာ မန်ယူကစားသမား ဟာနန်ဒက်နဲ့ ဗီလာရီယယ် ကစားသမား ဂျီအိုဗန်နီဒို့စ်ဆန်းတို့လို ဥရောပအခြေစိုက် ရှေ့တန်းလူတွေ ပါဝင်ပါတယ်။ မက္ကဆီကိုနည်းပြ မီဂွယ်ဟာရီရာကတော့ "ကွာတားဖိုင်နယ်ဟာ ကျွန်တော်တို့ရဲ့ အနိမ့်ဆုံး ရည်မှန်းချက်ပါ"လို့ ပြောပါတယ်။ မက္ကဆီကိုအသင်းဟာ အုပ်စု(A)မှာ အိမ်ရှင်ဘရာဇီးလ်၊ ကင်မရွန်း၊ ခရိုအေးရှားတို့နဲ့ ကစားရပါမယ်။ အကြိုကာလမှာ ခြေစမ်းပွဲ (၃)ပွဲကို အမေရိကန်မှာ ကစားပါမယ်။ မေ(၃၁)ရက်မှာ အီကွေဒေါ၊ ဇွန်(၃)ရက်မှာ ဘော့စနီးယား၊ ဇွန်(၆)ရက်မှာ ပေါ်တူဂီတို့နဲ့ ကစားမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top