Friday, May 30, 2014

ပြည်ပနိုင်ငံများတွင် ပညာသွားရောက် သင်ယူသူများ အတွက် လေ ယာဉ် လက်မှတ်ခ လျှော့ချပေး 

ပြည်ပနိုင်ငံများတွင် ပညာသွားရောက် သင်ယူသူများအတွက် အထူးလေယာဉ်လက် မှတ်ဈေးနှုန်းနှင့် Baggage  အထူးကီလို  အပိုသယ်ဆောင်ခွင့်များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ  ဒေါ်အေးမရသာ ထံမှ သိရသည်။ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ရန်ကုန်မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာ လမ်ပူ၊ ကွမ်ကျိုး၊ ဖနွမ်းပင်နှင့် ဂယာမြို့များသို့ ပျံသန်း ပြေးဆွဲလျက်ရှိရာ ပြည်ပသို့ သွားရောက် ဆေးကုသ ခံယူ မည့်သူများ အတွက် WheelChair, Oxygen,Stre-tcher ဝန်ဆောင်မှုများ၊ ပြည်ပတွင်ပညာလေ့လာ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူး လေယာဉ်လက်မှတ် ဈေးနှုန်းနှင့် Baggage   အထူး ကီလိုအပို   သယ်ဆောင်ခွင့်များ၊  ပြည်ပတွင် အလုပ်လုပ်ကိုင်မည့် သူများနှင့် သဘောင်္ သားများ အတွက် အထူး လေယာဉ်လက်မှတ် ဈေးနှုန်းနှင့် ကီလို အပို သယ်ဆောင်ခွင့်များကို  MAI မှ ဆောင် ရွက်  ပေးလျက်ရှိကြောင်း သိရသည်။
''အလုပ်လုပ်မယ့်သူတွေ၊ ကျောင်းသွားတက်မယ့် သူတွေအတွက် အထူးဈေးနှုန်းနဲ့ လုပ်ပေးပါတယ်။ စင်ကာပူကို ကျောင်းသွားတက်မယ်ဆိုရင် ပုံမှန်က အမေရိကန် ဒေါ်လာ ၂၆ဝ၊ ၂၇ဝ လောက်ရှိတယ်။ အထူးနှုန်းနဲ့ ဆိုရင်တော့ ၂ဝဝ ဝန်းကျင်လောက် ပဲရှိပါတယ်။ နိုင်ငံခြားမှာ ဆေးသွားကုမယ့်သူတွေ ကျတော့လည်း Wheel Chair တွေ၊ Oxygen တွေ၊ Stretcher  တွေကို လေယာဉ်ပေါ် တင်ဆောင် ခွင့် ပေးထား တယ်''ဟု MAI  မှ ဈေးကွက်နှင့် လူမှုဆက်ဆံရေး မန်နေဂျာ က ပြောသည်။  အသေးစိတ် သိရှိလိုပါက MAI ဖုန်း-ဝ၁-၂၅၅၂၆ဝ  လိုင်းခွဲ(၄ဝ၁- ၄ဝ၄) သို့   ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top