Wednesday, May 28, 2014

မာရာကာနာကွင်းကို ပရိသတ်နဲ့ မီဒီယာတွေ လည်ပတ်ခွင့်ပေး






ဘရာဇီး ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီဟာ တနင်္လာနေ့က Stadium-Experience-Tourအစီအစဉ် တစ်ရပ်အနေနဲ့ ရီယိုဒီဂျနေရိုးမြို့က မာရာကာနာကွင်းကြီးကို မီဒီယာတွေ သွားရောက် လည်ပတ်ခွင့် ပေးခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း ကွင်းထဲဝင်လည်ပတ် ကြည့်ရှု ခွင့်ပေးပြီး လက်မှတ်စစ်ဆေးတဲ့ နေရာနဲ့ လုံခြုံရေး စစ်ဆေးမှု ခံယူရမယ့် ပုံစံတို့ကို ကြိုတင် လေ့လာစေခဲ့ပါတယ်။ မာရာကာနာ ကွင်းကြီးဟာ ပြီးခဲ့တဲ့နှစ်က ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲကို လက်ခံကျင်းပတဲ့ ဘောလုံးကွင်း (၆)ကွင်းထဲမှာ (၁)ကွင်း အပါအ၀င် ဖြစ်ပါတယ်။ ဒေသခံပြိုင်ပွဲ ကျင်းပရေး ကော်မတီ အကြီးအကဲ သီယာဂိုပေ့စ်က ဒီကွင်းကြီးမှာ ဘောလုံးပွဲရှိတဲ့ နေ့တိုင်း ပရိသတ်တွေကို စွဲဆောင်နိုင်မယ့် အစီအစဉ်တွေ ကျင်းပသွားမယ်လို့ ပြောထားပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ သူက ’’ဘောလုံးပွဲ ပြီးတာနဲ့ တစ်ပြိုင်တည်း ပရိသတ်တွေ တစ်ခါတည်း ပြန်သွားတာမျိုး မရှိအောင် စိတ်ဝင်စားဖွယ် အစီအစဉ်တွေ အများကြီး လုပ်ထားပေးမှာပါ။ ပရိသတ်တွေကို ကမ္ဘာ့ဖလားပြိုင်ပွဲ အရသာ အပြည့်အ၀ ခံစားခွင့် ရစေမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်’’လို့ ပြောသွားပါတယ်။ အဲ့ဒီနေ့ အစီအစဉ်မှာ ကွင်းဝန်ထမ်းတွေဟာ ပရိသတ်တွေ ထိုင်ခုံမှားထိုင်တဲ့ ပြဿနာနဲ့ တခြား ပြဿနာတွေကို ဖြေရှင်းမယ့် ပုံစံတွေလည်း သရုပ်ပြ လုပ်ဆောင် သွားပါတယ်။

No comments:

Post a Comment

back to top