Wednesday, May 28, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျီနီဗာအခြေစိုက် ဌာနေ ညွှန် ကြားရေးမှူး Mr.Adan Cooper ဦးဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား ဂျီနီဗာ အခြေစိုက် ဌာနေ ညွှန်ကြားရေးမှူး Mr.Adan Cooper ဦးဆောင်သော အဖွဲ့ဝင်(၄)ဦးသည် ၂၀၁၄ ခုနှစ်၊ မေလ(၂၆) ရက်နေ့ ညနေ(၅) နာရီ (၁၅) မိနစ်အချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ဂျီနီဗာအခြေစိုက် ဌာနေ ညွှန်ကြားရေးမှူး Mr.Adan Cooper နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။



ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဂျီနီဗာ အခြေစိုက် ဌာနေညွှန်ကြားရေးမှူး Mr.Adan Cooper နှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မှတ်တမ်း တင် ဓါတ်ပုံများ ရိုက်ကူးကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top