Friday, May 30, 2014

ဖုန်း ငွေဖြည့်ကတ် ထုတ်လုပ်ခွင့်ရ ကုမ္ပဏီ လေးခုမှ ငွေဖြည့် ကတ် များကို တစ်လလျှင် ငွေကျပ် ၂ ဘီလီယံ ဖိုးသာ ရောင်းချ ရမည် ဟုဆို 

မြန်မာနိုင်ငံအတွင်း၌ အသုံးပြုလျက်ရှိသော မိုဘိုင်းလ်ဖုန်း ကြိုတင်ငွေဖြည့်ကတ်များကို ကုမ္ပဏီလေးခုက  ဇွန်လ ဆန်းတွင် စတင်ရောင်းချရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း Fortune International  ကုမ္ပဏီ မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထိုသို့  ကြိုတင်ငွေဖြည့်ကတ် ထုတ် လုပ် ရောင်းချခွင့်ကို မြန်မာ့ဆက်သွယ်ရေး အနေဖြင့်  ပြည်တွင်းကုမ္ပဏီ လေးခုဖြစ်သော Fortune International  ကုမ္ပဏီ၊ Ama- ra  Communication   ကုမ္ပဏီ၊ ABC  ကုမ္ပဏီနှင့် မြန်မာပိတောက် ကုမ္ပဏီ များကို လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
''အခု ငွေဖြည့်ကတ်တွေကို ရိုက်နှိပ်နေပါပြီ။ ဇွန်လဆန်းဆိုရင် စတင် ရောင်းချနိုင်မှာပါ။ သုံးစွဲ သူတွေ နေရာအနှံ့ သုံးစွဲနိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြန့်ချိ ရောင်းချပေးမှာပါ။ တစ်လ ကို မြန်မာ ငွေကျပ် ၂ ဘီလီယံဖိုး ရောင်းချသွားမှာပါ''ဟု For-tune International  ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထိုသို့ရောင်းချရာတွင် လက်ရှိ ဈေးကွက်အတွင်း၌ ရောင်းချလျက်ရှိသော   ငွေကျပ် သုံးသောင်း၊   တစ်သောင်း၊ ငါးထောင် အစရှိသည့် ငွေဖြည့်ကတ်များကို ရောင်းချ ပေးသွားမည်ဖြစ်ရာ  သက် ဆိုင်ရာ ကုမ္ပဏီ တံဆိပ်များ ငွေဖြည့်ကတ်တွင် ပါဝင်မည်ဟု သိရသည်။
For-tune International   ကုမ္ပဏီအနေဖြင့် ငွေဖြည့်ကတ်များ ရောင်းချ နိုင်ရန်အတွက်  မြန်မာတစ်နိုင်ငံ လုံးတွင် အရောင်းဆိုင်ပေါင်း ၃ဝ ကျော်ခန့်  ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုအခါ မိုဘိုင်းလ် ဖုန်း ကြိုတင်ငွေဖြည့်ကတ် ထုတ်လုပ်မှုကို  မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ၊  E  Lite  Tech,   Asia  Mega Link  အစရှိသည်တို့မှ   ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

 

No comments:

Post a Comment

back to top