Thursday, May 29, 2014

ယူအီးအက်ဖ်အေနဲ့ ယူရိုပေါ်တို့ သဘောတူစာချုပ် လက်မှတ် ရေးထိုး






UEFAဥရောပ ဘောလုံးအဖွဲ့ချုပ်နဲ့ Europolခေါ် ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့တို့ဟာ သဘောတူစာချုပ် တစ်ရပ်ကို အင်္ဂါနေ့က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ လက်မှတ် ရေးထိုးကြပါတယ်။ ဥရောပ ဘောလုံးလောကမှာ လုပ်ပွဲဖန်တီးတာတွေကို ဆက်လက် တိုက်ဖျက်ဖို့အတွက်အဖွဲ့အစည်း(၂)ရပ် ပူးပေါင်း လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ သဘောတူစာချုပ်ကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ မီချယ်ပလာတီနီနဲ့ ယူရိုပေါ်ဒါရိုက်တာ ရော့ဝိန်းရိုက်တို့က လက်မှတ်ရေးထိုး ကြပါတယ်။ ဒီလိုအဖွဲ့အစည်း(၂)ရပ် ပူးပေါင်း လုပ်ဆောင်ရင် လုပ်ပွဲတိုက်ဖျက်ရေးမှာ ပိုမိုအောင်မြင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီက "ဒီလိုပူးပေါင်း ဆောင်ရွက်မှုက တကယ် လိုအပ်ပါတယ်။ ကျွန်တော်တို့ ဥရောပ အဖွဲ့ချုပ်ဝင် ၅၄နိုင်ငံ လက်လှမ်းမမီနိုင်တဲ့ အလုပ်တွေကို ဥရောပရဲအဖွဲ့က ဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့က အကြံဥာဏ်တွေ ပေးမယ့်အပြင် သတင်းတွေလည်း ပေးမှာပါ"လို့ ရှင်းပြပါတယ်။ ယူရိုပေါ် အဖွဲ့ဒါရိုက်တာ ၀ိန်းရိုက်ကလည်း "ယူအီးအက်ဖ်အေလို အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့်အတွက် ကျွန်တော်က သဘောကျပါတယ်။ ဘောလုံးပွဲတွေက မှုခင်းတွေကို ကျွန်တော်တို့ ဖြေရှင်း ပေးနိုင်မှာပါ"လို့ ပြောပါတယ်။

No comments:

Post a Comment

back to top