Friday, May 30, 2014

မြန်မာနိုင်ငံတွင် ရထားတွဲ ထုတ်လုပ်သည့် စက်ရုံ ဖွင့်လှစ် နိုင်ရန် စီစဉ်

မြန်မာနိုင်ငံတွင် ရထားတွဲ ထုတ်လုပ်သည့် စက်ရုံဖွင့်လှစ်နိုင်ရန်  စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ရထားတွဲ ထုတ်လုပ်သည့်စက်ရုံကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသောကြောင့် ပြည်ပ မှဝယ်ယူ တင်သွင်း လျက်ရှိကြောင်း သိရသည်။ ၂ဝဝ၉  ခုနှစ်နောက်ပိုင်း  ရထားတွဲဆိုင်းများ ဝယ်ယူမှု ရပ်တန့်နေခဲ့ပြီး ယခုနှစ် အတွင်း  RBE  ရထားတွဲဆိုင်း  ၂ဝ  ကို  တစ်ပြိုင်နက်တည်း ဝယ်ယူခဲ့ကြောင်း  သိရ သည်။ အဆိုပါ တွဲဆိုင်း များကို ဂျပန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး  အိန္ဒိယနိုင်ငံမှ ဝယ်ယူရန်   စီစဉ် ထားသော်လည်း မဝယ်ယူရသေးကြောင်း သိရသည်။ ယင်းဂျပန်နိုင်ငံမှ   ဝယ်ယူလိုက်သည့် RBE ရထား တွဲဆိုင်းများမှာ အနည်းဆုံးအနှစ် ၂ဝ ခန့် အသုံးပြုပြီးဖြစ်သော ရထားတွဲဆိုင်းများ ဖြစ်ကြောင်း၊ ရထား တွဲဆိုင်းများကို  မြန်မာနိုင်ငံ၏ ရထားလမ်း များတွင် အသုံးပြုနိုင်ရန် ချိန်ညှိမှု ပြုလုပ်ရဦး မည်ဖြစ်ကြောင်း သိရသည်။

မြစ်ငယ်စက်ရုံမှလည်း ရထားတွဲဆိုင်းများကို တိုးချဲ့ထုတ်လုပ်နိုင်ရန် အစီအစဉ်များ ပြုလုပ်လျက်ရှိကြောင်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရထားပြေးဆွဲမှုကို အရှိန်မြှင့်တင်နိုင်ရန် လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။ ရထားလမ်းပိုင်းသစ်များ ချဲ့ထွင်ပြေးဆွဲရန်အတွက် ရထားတွဲဆိုင်းများ လိုအပ်လျက်ရှိနေပြီး လတ် တလော ဖောက်လုပ်ဆဲဖြစ်သည့် ရန်ကုန် ပုသိမ် ရထားလမ်းမှာ ၇၅ရာခိုင်နှုန်း ပြီးစီးနေပြီး မကြာမီ နှစ်ပိုင်းအတွင်း ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-မန္တလေး လမ်းပိုင်းကို လည်း ပြန်လည်ပြင် ဆင်ရန်    လေ့လာမှုအဆင့် ပြီးဆုံးခဲ့ကြောင်း၊  မကြာမီကာလအတွင်း ရထား ထုတ် လုပ် သည့် ကိုယ်ပိုင်စက်ရုံ ဖွင့်လှစ်နိုင်ရန် တင်ပြဆွေးနွေးမှုများ စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။



 

No comments:

Post a Comment

back to top