Wednesday, May 28, 2014

ဘယ်သွားသွား ဖုန်းပါရင်ပြည့်စုံနေတဲ့ အဆိုတော် မိစန္ဒီ 

 

အဆိုတော် မိစန္ဒီ အပြင် သွားတိုင်း သူမနှင့်အတူ အမြဲတမ်း ပါသွားတတ်သည့် IT ပစ္စည်း များကိုလည်း အနုပညာရှင် များ၏ IT ပစ္စည်း ကဏ္ဍ၌    ဖော်ပြ ပေးလိုက် ပါသည်။ မိစန္ဒီသည် အပြင်သွားတိုင်း ကြီးမားသည့် လွယ်အိတ် တစ်လုံးတွင် သူမ ကြိုက်နှစ်သက်သော  သီချင်း စာအုပ်များနှင့် IT ပစ္စည်း များစွာကို   သယ်ဆောင် သွားတတ်သူ တစ်ယောက် ဖြစ်ပါသည်။
''ညီမ အပြင် သွားတိုင်း ပါဖြစ်တဲ့ IT ပစ္စည်းလေးက ဖုန်းပေါ့။ အခုဆိုရင် နည်းပညာက အရမ်းကို တိုးတက် နေပြီလေ။ မော်ဒယ်လ်တွေ အရမ်းများ လာတဲ့ အတွက်လည်း လူတွေ အတွက် ရွေးချယ်စရာတွေ များလာတယ်။ အဲဒီအတွက်လည်း ကောင်းပါတယ်။ ကိုယ့်ရဲ့ လိုအပ် ချက်နဲ့  ကိုယ်ကြိုက်တာကို ရွေးချယ် ဝယ်ယူလို့ ရနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလေ။ ဖုန်းတစ်လုံး ပါတာနဲ့ ဓာတ်ပုံလည်း ရိုက်လို့ရတယ်။ သီချင်းလည်း နားထောင်လို့ ရတယ်။ ဖုန်း တစ်လုံးပါတော့ အရမ်း အဆင်ပြေတယ်။
ဒါကြောင့် ဘယ်သွားသွား ဖုန်းပါရင်တော့ ပြည့်စုံပါတယ်'' ဟုပြောခဲ့သည်။ ဆက်လက် ပြီး IT ပစ္စည်းများ အသုံးပြုသည့် အခါတွင် ရရှိနိုင်သည့် ဆိုးကျိုးနှင့် ကောင်းကျိုး များကိုလည်း ယခုလို ပြောပြ ခဲ့သည်။
'' IT က သုံးတတ်ရင်တော့ အကျိုးရှိပါတယ်။ မိစန္ဒီ ကင်မရာတစ်လုံး ဝယ်ထားတယ်။  သိပ်မသုံး ဖြစ်ဘူး။ ယူလည်း ယူမသွား ဖြစ်ဘူး။ အဲဒီလိုဆိုတော့ ဝယ်ထားတာ အလကား ဖြစ်တာပေါ့။ ပိုက်ဆံကုန် တာပဲ အဖတ်တင်တယ်။  အဓိကကတော့ ပစ္စည်းကို ဝယ်တဲ့ အခါမှာ ကိုယ်နဲ့ တကယ်ကို အဆင်ပြေလား၊    ကိုယ်ကရော တကယ် အသုံး လိုတာလား ဆိုတာကို  စဉ်းစား သင့်ပါတယ်။  အဲဒါမှ  ကိုယ်တကယ် အသုံး လိုတာကို ဝယ်တော့  ပိုက်ဆံလည်း အလဟဿ မဖြစ်တော့ ဘူးပေါ့။  နောက်ပြီး  ဘယ်နေရာ သွားသွား ပစ္စည်း ဆန်းလေးတွေက ရှိနေတော့ ဝယ်ဖြစ်ခဲ့မယ် ဆိုရင်တောင် ပြန် မနှမြော နိုင်လောက်တဲ့ အရာ ဖြစ်ဖို့ လည်း လိုအပ်တယ်လို့ မိစန္ဒီ ထင်မြင် မိပါတယ်''  ဟုပြောပြခဲ့သည်။       

 

No comments:

Post a Comment

back to top