Friday, May 30, 2014

ဟင်္သာတမြို့နယ်၊ လက်သမားရပ် အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၊ ပဓါန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယ၀ံသ ဆရာတော် ဘုရားကြီး၏ အဘိဓဇဂုဏ ပူဇာနှင့် သက်တော် (၉၀)ပြည့် ၀ိဇာတ အလှူတော်မင်္ဂလာ အခမ်းအနား သို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး တက်ရောက်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လက်သမားရပ်၊ အတွင်းပတ္တမြား ပရိယတ္တိစာသင်တိုက်၊ ပဓါန နာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယ၀ံသ ဆရာတော် ဘုရားကြီး၏ အဘိဓဇဂုဏပူဇာနှင့် သက်တော်(၉၀)ပြည့် ၀ိဇာတ အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ(၂၁) ရက်နေ့ နေ့လည်(၂) နာရီအ ချိန်တွင် အဆိုပါ အတွင်းပတ္တမြားပရိယတ္တိစာသင်တိုက်၌ ပြုလုပ် ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တာ် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတအသင်း ဥက္ကဋ္ဌ ဦးမြင့်ငွေ (ဟင်္သာတမြင့်ငွေ)နှင့် အသင်းသူ အသင်းသားများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်သည်။




အခမ်းအနားပထမပိုင်းတွင် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ အရိယ၀ံသ ဆရာတော် ဘုရာကြီးအား အခမ်းအနား ကျင်းပရာခန်းမ သို့ ကြွရောက်တော်မူပါရန် အဘိဌာစနဋိမန္တန ဂါထာတော်ဖြင့် အတွင်းပတ္တမြား တိုက်အုပ် ဆရာတော် မဟာဂန္တ၀ါစကပဏ္ဏိတ ဘဒ္ဒန္တ၀ိလာကအရှင်သူမြတ်က ပင့်လျောက်၍ ဆရာတော်ဘုရားကြီးအား အခမ်းအနားသို့ ပင့်ဆောင်လာရာ ဂုဏပူဇာတေးသံဃာများဖြင့် သီဆိုဂုဏ်ပြု ပူဇော်ခြင်း၊ ဆရာတော်ကြီး၏ ဂုဏ်ဒြပ် များကို မြစ်ကွေ့တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက ဖတ်ကြားပူဇော်သည်။
အခမ်းအနားဒုတိယပိုင်းကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်း အနားဖွင့်လှစ်ပြီး ထူးမခြားနားဖြင့် ဘုးရားပင့်ပူဇော်ကာ ညောင်တုန်းမြို့၊ ပုဏ္ဏမာ ရာမဈေးကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ သြသဓါဘိဝံသ ဆရာတော် ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဟင်္သာတမြို့ မိုးကောင်းကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဏိတ တိပိဋကသြ၀ါ ဒါစရိယ ဘဒ္ဒန္တသုဓမ္မာစာရာ ဘိဝံသက ထုတိမင်္ဂလာသြ၀ါဒ ဂါထာဖြင့် မြွက်ကြားရက်ဂုဏ်ပြုသည်။
ထို့နောက် အဘိဓဇမဟာရဋ္ဌ ဘဒ္ဒန္တအရိယ၀ံသဆရာတော်ဘုရားကြီးအား မဟာ သဒ္ဓမ္မဇောတိကဓဇ ဦးမင်းကြည်(ဓမ္မစရိ ယ BA) ရေးသားပူဇော်အပ်သော ဆန္ဒ တူညီကောင်းမှုတည် မင်္ဂလာရတုပိုဒ်စုံဖြင့် နိုင်ငံကျော် အဆိုတော် ဒေါ်နှင်းရီသန့် က သီဆိုပူဇော်ပြီး နိုင်ငံကျော် ရန်ပိုင်စိုးက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အရိယ ၀ံသ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ ကို ဖတ်ကြားပူးဇော်သည်။
ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဗဇ ဦးမင်းကြည် (ဓမ္မာစရိယ BA) ရေးသား ပူဇော်အပ်သော အဘိဓဇ မဟာရဋ္ဌဂုရု ဂုဏ၀ိသိဋ္ဌပူဇာသဘင် ဇာတာခေါင် မှတ်တမ်းတင်လေးချိုးဖြင့် နိုင်ငံကျော် အဆိုတော် ဒေါ်ရီရီသန့်က သီဆို ပူဇော်ပြီးနောက် ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး က သာသနာရေးဆိုင်ရာများ လျောက်ထားသည်။
၎င်းနောက် မအူပင်မြို့ သိုက်ကုန်းဆရာတော်ကြီးမှ ဂုဏ်ပြုဖွဲ့ဆိုအပ်သော ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် နိုင်ငံကျော် အဆိုတော် ဒေါ်ရီရီသန့်က သီဆိုပူဇော်ပြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယ၀ံသ ဆရာတော်ဘုရားကြီးအား တပည့် ဒါယကာ၊ ဒါယိကာမများက စုပေါင်း၍ ရှိခိုးကန်တော့ပူဇော်သည်။
ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအရိယ၀ံသ ဆရာတော်ဘုရားကြီးက သြ၀ါဒ ကထာမြွက်ကြားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးနှင့် ဒါယကာ၊ ဒါယိကာများက ဆရာတော် ဘုရားကြီးနှင့် အကြည်ညိုခံ ဆရာတော် များအား လှူဖွယ်ပစ္စည်း ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမဈေးကျောင်းတိုက်၊ အဘိဓဇ မဟာရဋ္ဌဂု ရုဘဒ္ဒန္တသြသဓါဘိဝံသ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား ချီးမြှင့် ၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတဋ္ဌတု (၃) ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top