Thursday, May 29, 2014

မြန်မာ့သီးနှံအာမခံစနစ်တွင် ဂျပန်ကုမ္ပဏီသုံးခု ၀င်ရောက်လုပ် ကိုင်မည်

ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် မိုးစပါး စိုက်ဧက ငါးသိန်းခန့် ပျက်စီးခဲ့သည့် မြန်မာ့ လယ်ယာကဏ္ဍတွင် ပထမဆုံးအကြိမ်အဖြစ် သီးနှံအာမခံစနစ်လုပ်ငန်း၌ ဂျပန်နိုင်ငံ၏ အကြီးဆုံး အထွေထွေအာမခံကုမ္ပဏီ သုံးခုက ၀င်ရောက်လုပ်ကိုင်ရန်ပြင်နေသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဒေါက် တာမောင်မောင်သိမ်းက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် က အာမခံဈေးနှုန်း များသည် တောင်သူများ လက်လှမ်းမီသည့်ဈေးနှုန်းများဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး ယင်းအာမခံ စနစ် သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည့်အတွက် တောင်သူများက စိတ်ဝင်စားကြမည်ဟုလည်း ဆိုသည်။
၎င်းက “တောင်သူတွေက မပေးနိုင်ရင်လည်း အကျိုးပြုကုမ္ပဏီတွေက စိုက်ပြီး အာမခံသွင်းပေးကြမယ်။ ဒီနှစ်ထဲမှာ ဖြစ်လာနိုင်မယ် မျှော်လင့်ရတာပဲ” ဟု မှတ်ချက် ပြုသည်။
သီးနှံအာမခံစနစ် အမျိုးအစားကို မရိတ်သိမ်းရသေးသည့် စိုက်ပျိုးထားသည့် စပါးစသည့်ပင်ထောင် သီးနှံများကို ကာကွယ်သည့်စနစ်နှင့် ရိတ်သိမ်းပြီး စပါး၊ ဆန် စသည့်များကို ရန်သူမျိုးငါးပါးအန္တရာယ်မှ ကာကွယ် သည့်စနစ်ဟု ခွဲခြားထားသည်။
သုတေသနပြုချက်များအရ မိုးရေချိန် ရှစ်လက်မရရှိသည့် ဒေသတစ်ခု၌ အဆိုပါ မိုးရေချိန် ပမာဏထက် ကျော်လွန်သွားပါက သီးနှံပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ လျော်ကြေးပေးရ သည့် အတွက် စွန့်စားရမှု များပြားသည်ဟုလည်း ပြောသည်။

လယ်ယာကဏ္ဍနှင့် ပတ်သက်၍ နောက်ဆုံးပေါ် အာမခံစနစ်အမျိုးအစားဖြစ်သည့် သီးနှံအာမခံစနစ်သည် ယင်းကဲ့သို့ စွန့်စားမှုများပြားခြင်းကြောင့် ဆွေးနွေးမှုများအတွက် နှစ်နှစ်ကြာအချိန်ယူခဲ့ရသည့် အပြင် ဒေသ အလိုက်ရာသီဥတု၊ မိုးရေချိန် မှတ်တမ်းဟောင်းများသည်လည်း များစွာအရေးပါသည်ဟု ၎င်းက ဆို သည်။

မြန်မာနိုင်ငံတွင် ယခင်ကျင့်သုံးခဲ့သော အာမခံစနစ်သည် သီးနှံပျက်စီးမှု အခြေအနေပေါ်တွင် မူတည်ဆုံး ဖြတ်ခြင်းကြောင့် ပျက်စီးသွားရသော သီးနှံစိုက်ခင်းများကို လိုက်လံတွက်ချက်ရကာ အချိန်ယူ ရကြောင်း၊ ထို့ကြောင့် လယ်သမားများလည်း စိတ်ဝင်စားမှုနည်းခဲ့ကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ဆိုသည်။
Mizzima - News in Burmese

No comments:

Post a Comment

back to top