Friday, May 30, 2014

ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ကျင်းပမည် 

မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ်က ကြီးမှူး၍ ၂ဝ၁၄ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယဗလမောင် ပြိုင်ပွဲနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ (MCC)ခန်းမ၌ ဇွန် ၂၈ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ကာယဗလမောင် ပြိုင်ပွဲတွင် အငယ်တန်းပြိုင်ပွဲ၊ အလွတ်တန်းပြိုင်ပွဲ၊ အသက် ၅ဝ နှစ်နှင့် အထက်ပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။
အမျိုးသမီးကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွင် အရပ်အမောင်း (၅ ပေ၊ ၃ လက်မ) အောက် ပြိုင်ပွဲနှင့် (၅ ပေ၊ ၃ လက်မ) အထက်ဟူ၍ ခွဲခြား ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအား စစ်ဆေးခြင်း လုပ်ငန်းများကို ဇွန် ၂၆ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ လက်ရွေးစင် ကာယ ဗလ လေ့ကျင့်ရေး စခန်း၌ ပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် ကာယဗလ မောင်လောင်းများနှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု မယ်လောင်းများသည် မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်သန်းနှင့် တွဲဖက် အတွင်းရေးမှူး ဦးဝင်းကြည်တို့ထံ အမည်စာရင်း များ ပေးသွင်းနိုင်ပြီး ပြိုင်ပွဲနှင့် စပ်လျဉ်း၍ မေးမြန်း နိုင်ကြောင်း သတင်း ရရှိသည်။  



 

No comments:

Post a Comment

back to top