Friday, May 30, 2014

"ရန်ကုန်ပွဲတွေမှာ မဆိုဖြစ်လို့ ပရိသတ်တွေနဲ့ အဆက် အသွယ်ပြတ်နေတယ်လို့ ထင်နေတာပါ" လို့ဆိုတဲ့ အဆိုတော် ပူစူး

ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေသော အဆိုတော် ပူစူးကလတ်တလောအနုပညာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ယခုကဲ့သို့ပြောကြားခဲ့သည်။
"ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်တယ်လို့တော့ မဟုတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ပြင်ဆင်နေတာကြောင့်လဲပါတယ်၊ ရန်ကုန်မှာ Show ဆိုတာနည်းတာကြောင့် အဆက်ပြတ်တယ်လို့ထင်ရတာပါ၊ နောက်ဆုံးဆိုခဲ့တာက နယူးရီးယားကဆိုခဲ့တာက နယူးရီးယား ကဆိုခဲ့တဲ့ပွဲက နောက်ဆုံးဖြစ်ပါတယ်၊ နယ်ပွဲကတော့တောက်လျှောက်ဆိုဖြစ်နေတယ်၊ ပရိသတ်တွေ အတွက် သီချင်းအသစ်တွေကိုလဲဖန်တီးနေပါတယ်၊ မကြာခင်မှာ ပရိသတ်တွေအတွက် အကောင်းဆုံး ဖန်တီးထားတဲ့ သီချင်းတွေကို ချပြသွားမှာပါ၊ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ဘယ်လောက် နာမည်ကြီးနေပါစေ  သီချင်းအသစ်တွေ၊ တစ်ကိုယ်တော်အခွေမထွက်ရင် အဆင်မပြေနိုင်ဘူး" ဟုပြောကြားခဲ့သည်။
အနုပညာလှုပ်ရှားမှုအနေဖြင့် အတွဲခွေတွေမှာပါဝင်ပြီး သီဆိုဖြစ်နေကြောင်း၊ မကြာခင်ထွက်ရှိမည့် အနာဂတ်နိဒါန်းအတွဲခွေတွင် ပါဝင်သီဆိုထားကြောင်း၊ ပရိသတ်များအတွက်သီချင်းအသစ်တွေကို အမြဲဖန်တီးနေကြောင်း၊ နယ်ဖျော်ဖြေရေးပွဲတွေကိုသာ အဓိကထားဆိုဖြစ်နေကြောင်း ဆက်လက်ပြောကြား ခဲ့သည်။

No comments:

Post a Comment

back to top