Thursday, May 29, 2014

ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း ဖော်ဆောင် ရေးဆင့်ပွားသင်တန်းဖွင့်


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော ရေရှည် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖော်ဆောင်ရေးဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယခုလ (၂၆) ရက်နံ နက် (၉) နာရီ က ရမည်းသင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးစုဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ် ဦးဘိုနီ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း(ရမည်းသင်း)နှင့် ဦးတင်းစိုး (ပျော်ဘွယ်)၊ ခရိုင် မြို့နယ်များမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။ အစီ အစဉ်အရ အခမ်းအနားဖွင့်လှစ်ပြီး နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုနီက အဖွင့် အမှာ စကားပြောကြားရာတွင် ယနေ့ပါတီကဖွင့်လှစ်သော သင်တန်းသည် အရည် အချင်းမြှင့် တင်ခြင်းဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အချင်းနှင့် အရည် အသွေးပိုမိုထက်မြက်စေရန်နှင့် ပြည်သူ့လူထုအားကိုးသော ပါတီ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြား သည်။ ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းနည်းပြခုနှစ်ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး ခရိုင်မြို့နယ်တို့မှ အတွင်းရေးမှူးနှင့် ကော်မတီဝင် (၃၁) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ယခုလ (၂၆) ရက်မှ (၃၀) ရက်အထိ ဖြစ်သည်။

No comments:

Post a Comment

back to top