Thursday, May 29, 2014

ရန်ကုန်မြို့ရှိ ယာဉ်ကြော အကျပ်ဆုံး ၇၉ နေရာတွင် စည်းကမ်းမဲ့ ယာဉ်များကို ဖမ်းဆီးမည့် အဖွဲ့ဖွဲ့စည်း၍ အရေးယူမည် 

ရန်ကုန်မြို့၌ ယာဉ်ကြော အကျပ်ဆုံး ၇၉ နေရာတွင် ဖမ်းဆီးရေး အဖွဲ့များဖွဲ့၍ စည်းကမ်းမဲ့ ယာဉ်များကို အရေးယူတော့မည် ဖြစ်ကြောင်း သိရသည်။
''အဲဒီ ၇၉ နေရာကို သေချာကွင်းဆင်း လေ့လာပြီး ယာဉ်ကြောကျပ်တဲ့ နေရာတွေအဖြစ် သတ်မှတ် ထား တာပါ။ အဲဒီနေရာတွေမှာ မကြာမီ အဖွဲ့ကြီး ကိုးဖွဲ့၊ အဖွဲ့ငယ် ၁၈ ဖွဲ့ဖွဲ့ပြီး တစ်ဖွဲ့ကို ၁ဝ ဦးစီ နေ့ ညစောင့်ကြည့် အရေးယူသွားမှာ ဖြစ်ပါတယ်။ တစ်ဖွဲ့ချင်း စီမှာလည်း ဒုတိယရဲအုပ် တစ်ဦးစီ ပါဝင် မှာ ဖြစ်ပါတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း မြို့နယ် သုံးမြို့နယ်ကို ဖမ်းဆီးရေး အဖွဲ့နှစ် ဖွဲ့နဲ့ ဆောင် ရွက်သွား မှာ ဖြစ်ပါတယ်'' ဟု အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ ဖမ်းဆီးရေး အဖွဲ့တွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် အဖွဲ့ဝင်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ယာဉ်ကြော ကျပ်တည်းမှု ဖြစ်ပေါ်သော နေရာများမှာ မင်္ဂလာဒုံမြို့နယ် အတွင်းရှိ အောင်မင်္ဂလာ၊ ခရေပင် လမ်းဆုံ၊ ထောက်ကြန့် လမ်းဆုံ၊ တာမွေအဝိုင်း၊ မြောက်ဥက္ကလာပ အဝိုင်း၊ ချော်တွင်း ကုန်း၊ ခြောက်ကွေ့၊ ထန်းခြောက်ပင်၊ သမိုင်းလမ်းဆုံ၊ အင်းစိန်ဈေးရှေ့၊ ကမ္ဘာ အေးဘုရားလမ်း၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်သာယာ၊ ရန်ကင်း၊ ဗဟန်း၊ ဘုရင့်နောင် တံတား၊ စံပြဈေး၊ ဦးဝိစာရ အဝိုင်း၊ မြေနီကုန်း အစရှိ သည့် နေရာများတွင် စောင့်ကြည့် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top