Thursday, May 29, 2014

အွန်လိုင်း စနစ်သုံး အခွန် စည်းကြပ်မှုများ အသုံးပြုနိုင်ရန် ရေး ဆွဲမည် 

ယခုဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံတကာနည်းတူ အွန်လိုင်းစနစ်သုံး အခွန်စည်းကြပ်မှုများ လုပ်ဆောင်နိုင် ရန် ရေးဆွဲသွားမည် ဖြစ်ကြောင်း   ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏   ပြောကြားချက် အရ သိရသည်။
အဆိုပါ အွန်လိုင်းစနစ် အသုံးပြုနိုင်ရန် အတွက် Revenue Software ရေးဆွဲလျက် ရှိနေပြီး  ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အတွက်    အသုံးစရိတ် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
 ယင်းအခွန်စနစ်သည်   အခွန်ရုံးမှ စည်းကြပ်သည့် စနစ်ဖြစ်ပြီး ယင်းမှတစ်ဆင့် အခွန်ထမ်း ကိုယ်တိုင် စည်းကြပ် သည့် စနစ်ကိုပါ လုပ်ဆောင်လျက် ရှိနေကြောင်း၊ Revenue Software ရေးဆွဲ ရာ၌ နိုင်ငံ တကာ တွင် အသုံးပြုသည့် ပုံစံအတိုင်း ဖြစ်ရန် တင်ဒါခေါ်ယူမှု များ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Software ရေးဆွဲပြီးပါက လည်ပတ်နိုင်ရန် အတွက် အိုင်တီ ပညာရှင်များကို ကာလတို ငှားရမ်း သွားရန် စီစဉ်ထားကြောင်း၊     အလားတူ  ဝန်ထမ်းကိုလည်း လက်ရှိပုံစံထက်  သုံးပုံတစ်ပုံ ထပ်မံတိုး ချဲ့ရန် ပြင် ဆင်လျက် ရှိကြောင်း     နိုင်ငံတကာ စံနှုန်းများနှင့်    ကိုက်ညီစေရေး အတွက် လက်ရှိ အခွန်ကောက်ခံမှုကို     လေ့လာသုံးသပ်မှုများ ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က  အခွန်ကောက် ခံမှု စိစစ်ကြပ် မတ်ရေး ဘုတ်အဖွဲ့ကို ၂ဝ၁၃ ခုနှစ် မေလအတွင်းက ဖွဲစည်းခဲ့ကြောင်း သိရသည်။
၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ် ရရှိခဲ့သော အခွန်ရငွေ ကျပ် ၁၂၂၂ ဒသမ ၈၄၄ ဘီလီယံနှင့် ပထမနှစ်တွင်  ငွေကျပ်  ၃၁၅  ဒသမ ၉၂၂ ဘီလီယံ၊  ဒုတိယနှစ်တွင်  ငွေကျပ် ၁၄၈၈ ဒသမ ဝ၆၂ ဘီလီယံနှင့်  တတိယနှစ်တွင်  ငွေကျပ်  ၂၁၉၇  ဒသမ ၉၁ဝ ဘီလီယံ တိုးတက် ရရှိခဲ့ကြောင်း သိရသည်။
 ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် အခွန်အရပ်ရပ် ကောက်ခံ ရရှိခဲ့မှုတွင် ၂ဝ၁၁-၂ဝ၁၂  ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလီယံ၊ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင်  ငွေကျပ်  ၂၇၁ဝ  ဒသမ ၉ဝ၆  ဘီလီယံနှင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရှေ့ပြေးစာရင်းများ အရ   ငွေကျပ်  ၃၄ဝဝ ဘီလီယံကျော် ကောက်ခံ ရရှိခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top