Friday, May 30, 2014

ဆီဆိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရေရှည်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အ စည်းဖော် ဆောင်ရေးဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးစီးဖွင့်လှစ်သည့် ရေရှည်ဖွံ့ဖြိုး တိုးတက်သော လူ့အဖွဲ့ အစည်းဖော်ဆောင်ရေးဆင့်ပွားသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲကို ယခုလ ၂၆ ရက် နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ဗဟိုအရန်ကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်၊ ဒေါ်ဝါ၀ါထွေးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဦးခွန်သူရအောင်က သင်တန်းသား သင်တန်းသူ များအား နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။


အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ တောင်ကြီးခရိုင်ပါတီကော် မတီဝင်များ၊ ဆီဆိုင်မြို့နယ် ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီအကြံပေးပုဂ္ဂိုလ်များ၊ နာယက များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းသား သင်တန်းသူ ၅၀ အပါအ၀င် သင်တန်းသား ၁၅၀ ခန့်တက်ရောက်ကြသည်။

အဆိုပါသင်တန်းကို ယခုလ ၂၆ ရက်မှ ၃၀ ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top