Friday, May 30, 2014

ငြင်းရလောက်အောင် မရှိသေးတဲ့ ဇာတ်ကားများနဲ့ သွန်းဆက်

ကိုယ့်ဆီလာတဲ့ ဇာတ်ကားတွေ ငြင်းရလောက်အောင် မရှိသေးတဲ့ အတွက် ကာရိုက်တာ စုံအောင် လက်ခံရိုက်ကူး ဖြစ်ကြောင်း သွန်းဆက်က ပြောသည်။ ”သွန်းဆက်ရိုက်တဲ့ ကားတိုင်းက အမေနဲ့တိုင်ပင် ပြီးမှ လက်ခံ ရိုက်ဖြစ်တယ်”ဟု သွန်းဆက်က ပြောသည်။ သွန်းဆက်ကို အကယ်ဒမီ ဗန်းကိုင်အဖြစ် လူသိများ ပြီး ဗီဒီယို ကားများကို ခေါင်းဆောင် အနေဖြင့် တောက် လျှောက် ရိုက်ကူးနေကြောင်း သိရသည်။
”အခု အောင်ရဲလင်းနဲ့ ပုံတုံးတုံး အရမ်း ရုပ်ဆိုးတဲ့ ကောင်မလေး အဖြစ် သရုပ်ဆောင်ဖို့ရှိတယ်။ ဇာတ်ကား နာမည်က အပြောင်းအလဲ ရှိလို့ မသေချာသေးဘူး”ဟု ၄င်းက ဆိုသည်။ သွန်းဆက်က အဆိုပါ ဇာတ်ကားမှာ ပုံတုံးတုံး ကောင်မလေး အဖြစ်ကနေ အဒေါ်ဖြစ်သူ စိုးမြတ်နန္ဒာရဲ့ ပုံပြောင်းပေးလို့ ခပ်လန်းလန်း ကောင်မလေး အဖြစ် ပြောင်းသွားသည့် ဖန်စီ ဇာတ်ကားဖြစ်သည်ဟု သိရသည်။ သွန်းဆက်က လတ်တလောမှာ ယောက်ျားလျာ ပုံစံနဲ့ သရုပ်ဆောင် ထားသည့် ဇာတ်ကား အရင်ထွက် မှာ ဖြစ်သည် ဟု ၄င်းထံမှ သိရသည်။
”အဲဒီကားမှာ ရေနစ်တဲ့ အခန်းဆို တကယ်ကို ရေနစ်သွားတာ။ ကိုယ်က ရေမကူး တတ်တော့ ရိုက်ဖူးသမျှ ဇာတ်ကားထဲမှာ အဲဒီ ဇာတ်ဝင်ခန်း ကတော့ မှတ်မှတ်ရရ ပါပဲ” ဟု သွန်းဆက်က ဆိုသည်။

No comments:

Post a Comment

back to top