Wednesday, May 28, 2014

ကျူပီအာ အသင်းကို ဖာဒီနန် ပြောင်းကစားဖို့ စဉ်းစား

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ အင်္ဂလန်ဝါရင့် နောက်ခံလူ ရီယိုဖာဒီနန်ဟာ ပရီးမီးယားလိဂ် တန်းတက် ကျူပီအာအသင်းကို ပြောင်းကစားဖို့ စဉ်စားနေတယ်လို့ တနင်္လာနေ့က ဂါးဒီးယန်းသတင်းစာ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ကျူပီအာကို ပြောင်းဖို့ ဖာဒီနန် စဉ်းစားနေရာမှာ နည်းပြဟယ်ရီရက်နက်ရဲ့ အခန်းကဏ္ဍက အရေးပါဆုံး ဖြစ်နေပါတယ်။ ဟယ်ရီရက်နက်ဟာ ၀က်စ်ဟမ်းကို နည်းပြတုန်းက ၁၉၉၆ခုနှစ်မှာ ဖာဒီနန်ကို ပထဆုံးပွဲထွက် ကစားခွင့် ပေးခဲ့ပါတယ်။ အခုအခါ သူ့နည်းပြဟောင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ ဖာဒီနန်ဆန္ဒရှိနေပြီး မကြာခင် ကာလအတွင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ရီယိုဖာဒီနန်ဟာ မန်ချက်စတာယူနိုက်တက်မှာ (၁၂)ကြာ ကစားပြီး အင်္ဂလန် နောက်ခံလူတွေထဲ ပြောင်းရွှေ့ကြေး အမြင့်ဆုံး နောက်ခံလူ တစ်ဦးအဖြစ် မှတ်တမ်းဝင်နေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top