Friday, May 30, 2014

အိုင်ဗရီကို့စ် အသင်းကို ပရိသတ် ရာပေါင်းများစွာ နှုတ်ဆက်






အိုင်ဗရီကို့စ် ပရိသတ် ရာပေါင်းများစွာဟာ ကမ္ဘာ့ဖလား သွားပြိုင်မယ့် သူတို့ရဲ့အသင်းကို ဗုဒ္ဓဟူးနေ့က အတီးအမှုတ် အကအခုန်တွေနဲ့ နှုတ်ဆက် ခဲ့ကြပါတယ်။ အဲဒီနှုတ်ဆက်ပွဲ အခမ်းအနားကို အိုင်ဗရီကို့စ်နိုင်ငံ အဘစ်ဂျန်မြို့မှာ တရားဝင် ကျင်းပတာ ဖြစ်ပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ် လက်ရွေးစင် ဘောလုံးသမားတွေကတော့ အဲဒီအခမ်းအနားမှာ ရှိမနေပါဘူး။ ဘောလုံးသမားတွေက သောကြာနေ့မှာ ဘော့စနီးယားနဲ့ ခြေစမ်းပွဲကစားဖို့ အမေရိကန် ပြည်ထောင်စု မစ်ဆူရီမြို့ကို ရောက်နေပါတယ်။ အိုင်ဗရီကို့စ် ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဆိုရီဒီယာဘာတီက အသင်းရဲ့ လိမ္မော်ရောင် ဂျာစီကိုပြသပြီး နှုတ်ဆက်ပွဲ အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီနှစ်အသင်းရဲ့ ရည်မှန်းချက်က အုပ်စုအဆင့်က တက်ဖို့ပါပဲလို့ ဒုတိယဥက္ကဋ္ဌ ဒီယာဘာတီက ပြောပါတယ်။ အိုင်ဗရီကို့စ် အသင်းဟာ ကမ္ဘာ့ဖလားပွဲမှာ အုပ်စု(C) ပြိုင်ဘက်တွေဖြစ်တဲ့ ကိုလံဘီယာ၊ဂရိစ်၊ ဂျပန်တို့နဲ့ ကစားရပါမယ်။

No comments:

Post a Comment

back to top