Wednesday, May 28, 2014

လမ်းခွဲ စကား ဆိုလိုက်ပြီ ဖြစ်တဲ့ Ji Hyun Woo နဲ့ Yoo In Na


သိပ်မကြာမီ အချိန် ကာလက စစ်မှုထမ်း ကာလ တာဝန် ပြီးဆုံးလို့ ပြန်လာတဲ့ အဆိုတော်၊ မင်းသား Ji Hyun Woo နဲ့ မင်းသမီး Yoo In Na တို့နှစ်ဦးဟာ သူတို့ နှစ်ယောက်ရဲ့ နှစ်နှစ်တာကြာမြင့်ပြီ ဖြစ်တဲ့ အချစ် ဇာတ်လမ်းကို အဆုံးသတ် လိုက်ပြီလို့ သိရပါတယ်။
သူတို့ နှစ်ယောက် လမ်းခွဲလိုက်ပြီ ဆိုတဲ့  ကောလာဟလတွေ  မကြာသေးခင်က ထွက်ရှိခဲ့ ပေမယ့် မဟုတ် မမှန်ကြောင်းနဲ့ သူတို့ အချစ်ရေးဟာ ခိုင်မြဲစွာ တည်ရှိ နေကြောင်း ပြောဆို ခဲ့ပြီးမှ ရက်ပိုင်းအကြာမှာ လမ်းခွဲ လိုက်ပြီ ဆိုတဲ့ သတင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပါတယ်။
မင်းသမီး  Yoo In Na ဟာ ဇာတ်ကား ရိုက်ကူးခြင်းနဲ့ အလုပ်ရှုပ် နေတဲ့ အတွက် မင်းသား Ji Hyun Woo စစ်တပ်မှ ပြန် အလာကို သွားရောက် ကြိုဆို နိုင်ခြင်း မရှိခဲ့ပါဘူး။ သူတို့ နှစ်ဦးဟာ Queen  In-hyun's  Man ဇာတ်ကားမှာ အတူတကွ ပါဝင် သရုပ်ဆောင်ရင်း ပြင်ပမှာ ချစ်သူတွေ ဖြစ်ခဲ့ ကြတာ ဖြစ်ပါတယ်။ Ji နဲ့ Yoo တို့နှစ်ဦးဟာ ဇာတ်ကား ထဲမှာတင် မဟုတ်ဘဲ ပြင်ပမှာပါ တကယ်ကို လိုက်ဖက်ညီတဲ့ စုံတွဲ ဖြစ်နေတဲ့ အတွက် ပရိသတ်တွေဟာ သူတို့ရဲ့လမ်းခွဲခြင်း အတွက် စိတ်မကောင်း ဖြစ်နေကြ တာတော့ အမှန်ပဲ ဖြစ်ပါတယ်။    

 

No comments:

Post a Comment

back to top