Friday, May 30, 2014

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးသင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်း
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လက်တွေ့ စည်းရုံး ရေးသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ(၂၈) ရက်နေ့ နံနက် (၈)နာရီ (၄၅)မိနစ်က မြို့နယ်ပါတီရုံး သင်တန်းခန်းမ ဆောင်၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးခင်မောင်ထူး၊ ဦးစံကျော်နှင့် ဒေါ်စန်းစန်းဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီကော်မတီဝင် ဦးစိုးမင်းသန်းနှင့် ဒေါ်ဇာခြည်လင်း၊ မြို့နယ်သာသနာ့နုဂ္ဂအသင်း ဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ ပါတီမိတ်ဆွေများနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်းအင်အား ၁၅၀ တက်ရောက်ကြ သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ သင်တန်းဆင်းအမှာစကားပြောကြားကာ ပါတီမိတ်ဆွေများက သင်တန်းအထောက်အကူပြု အလှူငွေများပေးအပ်ရာ ပါတီတာဝန်ရှိသူများက လက်ခံရယူပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်သည်။


No comments:

Post a Comment

back to top