Friday, May 30, 2014

မသန်စွမ်းသူ ၃ဝ ဦးကို Call Center ၌ အလုပ် ခန့်အပ်ရန် ဇူလိုင် လဆန်း ပိုင်းတွင် စာချုပ် ချုပ်မည် 

မသန်စွမ်းသူ  ၃ဝ  ဦးကို  Call  Cen-ter ၌ အလုပ်ခန့် အပ်ရန်အတွက်  ဇူလိုင်လ ဆန်းပိုင်းတွင် စာချုပ် ချုပ်ဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ လျှောက်ထားလိုသူများသည် အကြားအာရုံ ချို့ယွင်းသူ၊  အမြင်အာရုံ ချို့ယွင်းသူနှင့်  ကိုယ်အင်္ဂါ ချို့ယွင်းသူများ  လာရောက်လျှောက်ထား နိုင်ကြောင်း သိရသည်။ 1876  Call  Center    ၌  အလုပ် ခန့်အပ်ရန်အတွက်  အလုပ်လျှောက်လွှာများကို  မေ တတိယ ပတ်မှ စတင်လက်ခံနေပြီ ဖြစ်ကြောင်း သိရသည်။
''အခြေခံလစာ  ၇ဝဝဝဝ  ကစပြီး ရရှိပါမယ်။ လျှောက်ထားသူတွေထဲက အရည်အချင်း ပြည့်မီသူတွေကို ကျွန်တော်တို့ အဖွဲ့က ရွေးချယ်ပြီး Call Center  က ထပ်မံရွေးချယ်မှာပါ'' ဟု မြန်မာနိုင်ငံ မသန်စွမ်းသူ များ ရှေ့ဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောကြား ခဲ့သည်။ လျှောက်ထား လိုသော မသန်စွမ်းသူများသည် တက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဖြစ်ပြီး မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊ အလုပ်လျှောက်လွှာများဖြင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့ရုံးသို့ သွားရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

 

No comments:

Post a Comment

back to top