Thursday, May 29, 2014

အင်္ဂလန်အတွက် လီဗာပူး ကစားသမားတွေ အရန်သင့် ဖြစ်






လီဗာပူး ကွင်းလယ်လူ ဟန်ဒါဆင်က ပရီးမီးယားလိဂ် ဖလားကို သူတို့ကပ်လွဲခဲ့တာကြောင အင်္ဂလန် လက်ရွေးစင် အသင်းမှာ လီဗာပူးကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်းကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ အင်္ဂါနေ့က၊ လန်ဒန်မြို့၊ စိန့်ဂျော့ပါ့ခ် လေ့ကျင့်ရေး စင်တာမှာ ပြောပါတယ်။ ဒါ့အပြင် သူအပါအ၀င် အင်္ဂလန် လက်ရွေးစင် အသင်းက လီဗာပူးကစားသမားတွေဖြစ်တဲ့ ဂျရတ်၊ ဂလင်းဂျွန်ဆင်၊ စတာရစ်ခ်ျနဲ့ စတာလင်းတို့ အားလုံးဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်း ရလဒ်ကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ လက်ခံထားတယ်လို့ ဆိုပါတယ်။ သူက ’’ရာသီအကုန်မှာ ချန်ပီယံဆုနဲ့ လွဲရတော့ ကျွန်တော်တို့ အားလုံး တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကြိုးစားခဲ့တဲ့ ရလဒ်ကိုလည်း ကျေနပ်လက်ခံ ထားကြပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းမှာ ရွေးခံထားရတဲ့ လီဗာပူးကစားသမား အားလုံးဟာ ယုံကြည်မှု အပြည့်နဲ့ ကမ္ဘာ့ဖလားပွဲကို သွားရောက် ယှဉ်ပြိုင်နိုင်မှာပါ’’လို့ ပြောပါတယ်။

No comments:

Post a Comment

back to top