Wednesday, May 28, 2014

ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ ဖီဖာဥက္ကဌ တွေ့ဆုံ ဆွေးနွေး






အရှေ့အလယ်ပိုင်း ဒေသကို ရောက်ရှိနေတဲ့ ဖီဖာဥက္ကဌ ဆပ်ဘလက်တာဟာ တနင်္လာနေ့က ရာမယ်လာမြို့မှာ ပါလက်စတိုင်း သမ္မတမာမွတ်အာဘတ်စ်နဲ့ တွေ့ဆုံပြီး ဂါဇာကမ်းမြှောင်ဒေသ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း အားကစားသမားတွေ လွတ်လွတ်လပ်လပ် သွားလာခွင့် ရရေးအတွက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနေ့ အခမ်းအနားကို ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ရာဂျူ့ဘ်လည်း တက်ရောက်ပါတယ်။ ပါလက်စတိုင်း တာဝန်ရှိသူတွေဟာ ဂါဇာကမ်းမြှောင်ဒေသ အနောက်ဖက်ကမ်းက အစ္စရေး သိမ်းပိုက်ထားတဲ့ ဒေသမှာ သူတို့အားကစားသမားတွေကို နယ်စည်းမခြား လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ရှေ့လထဲ ကျင်းပမယ့် ဖီဖာကွန်ကရက်စ်မှာ အစ္စရေးကို အရေးယူဖို့ တောင်းဆိုသွားမယ်လို့ ပါလက်စတိုင်းဘက်က ပြောလာပါတယ်။ ဖီဖာဥက္ကဌ ဘလက်တာဟာ အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟုနဲ့လည်း ဆက်လက် တွေ့ဆုံသွားဦးမှာပါ။ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ဘလက်တာက ’’ဒီပြဿနာအတွက် အဖြေရအောင် ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ တကယ်လို့ ကြိုးစားနိုင်ခဲ့ရင်တော့ အားကစားကဏ္ဍရဲ့ အရေးပါမှုက အရမ်းကြီးကျယ် သွားမှာပါ’’လို့ ပြောပါတယ်။

No comments:

Post a Comment

back to top