Thursday, May 29, 2014

အင်္ဂလန်နဲ့ပွဲ ပါဝင်နိုင်မယ်လို့ ဆွာရက်ဇ် မက်ဆေ့ပို့






ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က အင်္ဂလန်နဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ သူပါဝင်ကစားနိုင်မယ်ဆိုတဲ့ အကြောင်းကို အင်္ဂလန်အသင်းမှ သူ့လီဗာပူး ကစားဖော်တွေဆီ ဖုန်းမက်ဆေ့ ပို့ခဲ့ပါတယ်။ အင်္ဂလန်အသင်းမှာ လီဗာပူးကစားသမား (၅)ဦးပါဝင်နေပြီး သူတို့တွေ အားလုံးကလည်း ကမ္ဘာ့ဖလားပွဲချိန်မီ ဆွာရက်ဇ် ဒဏ်ရာသက်သာဖို့ မျှော်လင့်နေကြပါတယ်။ ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းမှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပ ရွှေဖိနပ်ဆုတွေကို ရရှိခဲ့ပါတယ်။ သူ့ဒဏ်ရာကို ခွဲစိပ်ကုသပေးခဲ့တဲ့ ဒေါက်တာ ဖရန်ဆက်ကိုလီက ကမ္ဘာ့ဖလားပွဲကို ဆွာရက်ဇ်ပါဝင်ခွင့် ရမယ်လို့ အာမခံထားပေမယ့် ဘယ်ပွဲမှာ ပါဝင်ကစားခွင့် ရနိုင်တယ်ဆိုတာကိုတော့ မပြောပါဘူး။ ဒါပေမယ့် ကာယကံရှင် ကစားသမားကတော့ ဆော်ပေါ်လိုမြို့မှာ ကစားမယ့် အင်္ဂလန်နဲ့ အုပ်စုဒုတိယပွဲစဉ်ကို ပါဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

No comments:

Post a Comment

back to top