Thursday, May 29, 2014



ရုရှား နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ကြွေးမြီ ပေးချေမှုကို စတင်ရန် ယူကရိန်း သဘောတူညီ

ယူကရိန်းနှင့် ရုရှားနှစ်နိုင်ငံ ကြားတွင် ဖြစ်ပေါ်နေသော သဘာဝ ဓာတ်ငွေ့ ထောက်ပံ့မှု ဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းချက် တစ်ရပ်အနေဖြင့် ယူကရိန်း နိုင်ငံသည် သဘာဝ ဓာတ်ငွေ့နှင့် ပတ်သက်၍ ရုရှားနိုင်ငံ ပေါ်တွင် ၎င်းတို့ တင်ရှိနေသည့် ကြွေးမြီများကို ယခု သီတင်းပတ်မှ စ၍ ပေးချေ သွားရန် သဘော တူညီခဲ့ကြောင်း ဥရောပသမဂ္ဂ စွမ်းအင်ဆိုင်ရာ မဟာမင်းကြီး ဂုအန်သာ အက်တင်ဂါ က မေ ၂၆ ရက်တွင် ပြောကြားသည်။

ယူကရိန်း နိုင်ငံသည် ၂ဝ၁၃ ခုနှစ် ဇူလိုင်လမှစ၍ ၎င်းတို့ သုံးစွဲထားသည့် သဘာဝ ဓာတ်ငွေ့ တန်ဖိုးများ အနက် အမေရိကန် ဒေါ်လာ ၂ ဘီလီယံကို မေ ၂၉ ရက်တွင် ပေးချေသွားရန် သဘော တူညီခဲ့ကြောင်း ဘာလင်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် အက်တင်ဂါက ပြောကြားသည်။
အက်တင်ဂါသည် အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ယူကရိန်း စွမ်းအင်ဝန်ကြီး ယူရီပရိုဒန်နှင့် ရုရှား စွမ်းအင်ဝန်ကြီး အလက်ဇန်းဒါး နိုဗက်ခ်တို့ နှစ်ဦး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး နောက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံ အနေဖြင့် ဒုတိယ အကြိမ် သဘာဝ ဓာတ်ငွေ့ အကြွေးပေးချေမှုကို ဇွန် ၇ ရက်တွင် ပြုလုပ် သွားမည် ဖြစ်ပြီး ဒုတိယ အကြိမ်တွင် အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ပေးချေ သွားမည် ဖြစ်ကြောင်း အက်တင်ဂါက ပြောကြားသည်။

No comments:

Post a Comment

back to top