Thursday, May 29, 2014

လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ သဘာတူညီခဲ့ကြသည့် ဥရောပ သမဂ္ဂ ခေါင်းဆောင်များ

ဥရောပသမဂ္ဂ(အီးယူ)က ခေါင်းဆောင်တွေဟာ အီးယူရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသတ်ဖို့ သဘောတူပြီးဖြစ်တယ်လို့ သိရပါတယ်။အီးယူဥက္ကဋ္ဌ  Herman Van Rompuy     " ဟာမန်ဗန်ရွမ်ပေး " က ဘရပ်ဆဲမြို့မှာ ကျင်းပခဲ့တဲ့ ထိပ်သီး အစည်း အဝေးပွဲအတွင်း ဥရောပ သမဂ္ဂအဖွဲ့ဝင်(၂၈)နိုင်ငံ ခေါင်းဆောင်တွေဟာ အီးယူရဲ့ မူဝါဒလုပ်ငန်း စဉ်တွေကို ပြန်လည် သုံးသပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ပြောကြားထားပါတယ်။
 
အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ ထိပ်သီးစည်းဝေးပွဲမှာ ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ ဥရောပပါလီမန်အဖွဲ့ဝင်နေရာ မဲပေးပွဲပြီးတဲ့နောက်မှာ ရှေ့ဆက်မယ့်လုပ် ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ခေါင်းဆောင် တွေဟာ စီးပွားရေးခြိုးခြုံရေးမူဝါဒတွေကို လျော့ချလုပ်ဆောင်ဖို့၊ စီးပွားရေးတိုးတက်အောင်လုပ် ဆောင်ဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
 
ဥရောပ ရွေးကောက်ပွဲမဲပေးမှုက ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ ဥရောပသမဂ္ဂ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တွေကို ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့ မစ္စတာ " ဗန်ရွမ်ပေး " က ပြောကြားထားပါတယ်။

No comments:

Post a Comment

back to top