Thursday, May 29, 2014

ကိုယ်တိုင်ရေးသီချင်းတွေကို ချပြမယ့် ဂီတစာဆို လွှမ်းပိုင်

ဂီတစာဆို လွှမ်းပိုင်ဟု အမည်ပေးထားသည့်အတိုင်း ကိုယ်တိုင်ရေးသီချင်းများသာ ပရိသတ်အတွက် စီစဉ်ထား ကြောင်း လွှမ်းပိုင်က ပြောသည်။ ‘‘ကိုယ်တိုင်ရေးထားတဲ့ သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါမယ်’’ ဟု လွှမ်းပိုင်က ပြောသည်။
ယင်းသီချင်းခွေတွင် အဆို နှင့် တေးရေးပိုင်းသာမက တီး ခတ်သည့် ဂီတပိုင်းတွင်လည်း ကိုယ်တိုင် ဖန်တီးထားသည့် သီချင်းများ ပါဝင်သည်ဟု ၎င်းက ပြောသည်။
ဒုံးပျံတေးစီးရီးအောင်မြင်ခဲ့ သော်လည်း ယခုစီးရီးသည် တစ် ကိုယ်တော်အနေဖြင့် ပထမဆုံး တေးစီးရီးဖြစ်၍ အကောင်းဆုံး ကြိုးစားထားသော်လည်း စိုးရိမ် စိတ်ဖြစ်မိသည်ဟု လွှမ်းပိုင် က ပြောသည်။
ယင်းတေးစီးရီးတွင် ဘန်နီ ဖြိုး၊ ရဲရင့်အောင်၊ အိမ့်ချစ်နှင့် Bobby Soxer တို့က ပါဝင်အား ဖြည့်ထားပြီး ဇွန်လ ၈ ရက်တွင် စတင်ဖြန့်ချိမည်ဖြစ်ကာ ယင်းနေ့ ညနေတွင် ဒဂုံစင်တာ ၂ ၌ ပရိုမိုး ရှင်း အစီအစဉ်ပြုလုပ်မည်ဟု ဆို သည်။
မေလ ၃၁ ရက်ညတွင် ကန် တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ် မည့် ဟစ်ဟော့ပ်ရှိုးပွဲတွင်လည်း ဂီတစာဆို လွှမ်းပိုင်အခွေအတွက် ပြင်ဆင်ခဲ့ရသည့် အကြောင်းအ ရာများပါဝင်သော Hlwan Paing Album Review DVD ကို အခမဲ့ ပေးသွားရန် စီစဉ်ထားသည်ဟုသိရသည်။ ထို့ပြင် ပရိသတ်များထံ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ကိုယ်ရေး အချက်အလက်များ တောင်းကာ ပြုလုပ်ထားသော FanyearBook 2014-HlwanPaing စာအုပ်ကို လည်း မကြာမီ ရက်ပိုင်းအတွင်း ပရိသတ်များထံ ပို့ဆောင်ပေးနိုင် ရန် စီစဉ်နေကြောင်း လွှမ်းပိုင်က ပြောသည်။

No comments:

Post a Comment

back to top