Friday, May 30, 2014


ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဘီလီယံနာ သူဌေး Petro Poroshenko အား အိုဘားမားမှ ဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြား
ယူကရိန်း နိုင်ငံတွင် မေလ  ၂၇ ရက်က သမ္မတ ရွေးကောက်ပွဲ တစ်ရပ် ကျင်းပခဲ့ရာ ရွေးကောက်ပွဲတွင် ၅၄% ဖြင့် အနိုင်ရရှိခဲ့သည့်Petro Poroshenko အား အမေရိကန်သမ္မတ Barack Obama မှ တယ်လီဖုန်းဖြင့် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
 ၂၀၀၉ မှ ၂၀၁၀ အထိ နိုင်ငံခြားရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ "Chocolate King" အဖြစ် တင်စား ခေါ်ဝေါ်သည့် ချော့ကလက်သကြားလုံး စက်ရုံများပိုင်ရှင် ဘီလီယံနာ သူဌေး Petro Poroshenko အား ယူကရိန်း နိုင်ငံ စည်းလုံးညီညွတ်မှု ရရှိစေရန်နှင့် ရှေ့ဆက် ဆောင်ရွက် သွားမည့် ဆောင်ရွက် ချက်များအား အမေရိကန် ပြည်ထောင်စုမှ ထောက်ခံသွားမည့် အကြောင်း ပြောကြားခဲ့သည်။  ယူကရိန်းနိုင်ငံတွင် ရုရှား လိုလားသူ ပြည်သူများနှင့် ယူကရိန်း ထောက်ခံသူ ပြည်သူများအကြား အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားဆဲ ဖြစ်ကြောင်း သိရသည်။ အစိုးရသစ် အနေဖြင့် ပြိုကွဲနေသည့် ယူကရိန်း နိုင်ငံအား ငြိမ်းချမ်းသည့် နည်းဖြင့် ပြန်လည်ထိန်းချုပ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ တိုက်တွန်းလိုက်သည်။


No comments:

Post a Comment

back to top