Thursday, May 29, 2014


မိခင်နေရာရောက်လာမှ မိခင်မေတ္တာကို ပိုမိုနားလည်လာပြီ ဆိုတဲ့ ချမ်းချမ်း


မကြာသေးမီ အချိန်ကမှ ''မြမိုးဂင်္ဂါ'' ဆိုတဲ့ သမီးဦး ရတနာလေးကို ပိုင်ဆိုင် ခဲ့ရတဲ့ အဆိုတော် ချမ်းချမ်းက မိခင်နေရာ ရောက်လာမှ မိခင်မေတ္တာကို ပိုမို နားလည် လာခဲ့ကြောင်း ပြောပြ ခဲ့ပါတယ်။
''အခု လက်ရှိ အချိန်ကို အစ်မကျေနပ်တယ်။ ပျော်လည်း ပျော်ရွှင် မိတယ်။ မိသားစုကို တကူး တက အချိန် မပေးရဘူး။ အားလုံးက နားလည်မှု နဲ့ပေါ့။ သားသမီး ရလာမှ မိခင်မေတ္တာကို ပို နားလည် သွားတယ်။ အစတုန်း ကဆိုရင် အစ်မကို အမေက ဘယ်သွားနေလဲ၊ ဘာလုပ် နေလဲလို့ မေးရင်တောင် စိတ်ထဲက စိတ်ပူစရာ မရှိဘဲ စိတ်ပူနေတယ် ဆိုပြီးတော့ စိတ်တို မိတယ်။ အခုမှ မိခင်က သားသမီးအပေါ် ထားရှိတဲ့ မေတ္တာကို အစ်မပိုပြီး နားလည် လာခဲ့ တယ်'' ဟု ချမ်းချမ်းက ပြော ပြခဲ့သည်။
သမီးလေး မြမိုးဂင်္ဂါ ကိုလည်း အရွယ် ရောက်လာသော အခါ သူဝါသနာပါရာ လမ်းကြောင်းကို ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း'' သမီးလေးကိုတော့ အစ်မလို ပေါ့ပေါ့ပါးပါး လေးပဲ နေစေ ချင်တယ်။ အရမ်းကြီးလည်း ချုပ်နှောင်တဲ့ ပုံစံမျိုးလည်း မထားပါဘူး။ အစ်မ မိသားစု တုန်းကလည်း ကိုယ်ဖြစ်ချင်တာ၊ ကိုယ် ဝါသနာ ပါတာကို လုပ်ဖို့ လွတ်လပ်ခွင့် ပေးတယ်။ အစ်မလည်း သမီးလေးကို အဲ့ဒီလို မျိုးပဲ ထားချင်တယ်''ဟု ချမ်းချမ်းက ပြောသည်။

 

No comments:

Post a Comment

back to top