Thursday, May 29, 2014


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး သည် မေလ(၂၁) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတ မြို့နယ်အုပ်ချုပ်ရေးဌာန ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဟင်္သာတမြို့နယ်၊ အင်းကြီးကျေးရွာအုပ်စု၊ တောင်စုကျေးရွာ၊ သီရိဇေယျာ မိုးကောင်းကျောင်းတိုက်သို့ ရောက် ရှိပြီး၊ အောင်သိဒ္ဓိ ဆုတောင်းပြည့်စေတီ အား ဖူးမြော်ကြည်ညိုသည်။



၎င်းနောက် သီရိဇေယျာမိုးကောင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓမ္မနှင့် ရွှေပေါက်ကန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအဂ္ဂစိန္တတို့အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဖူးမြော်ကြည်ညိုသည်။
ထို့နောက် အောင်သိဒ္ဓိဆုတောင်းပြည့် စေတီတော်ဌာပနာတော်သွင်း၊ ရွှေထီးတော်၊ စိန်ဖူးတော် အထွတ်တင် ပူဇော်ပွဲ ပြုလုပ်ရန်အတွက် ပြင်ဆင်မှု များအား ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၎င်းနောက် တောင်စုကျေးရွာ၊ ဗန်းမော်(ကရင်)ကျေးရွာတို့မှ ရပ်မိရပ်ဖ များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နယ်မြေ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက် ၍ မေးမြန်ကာ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top